🌿အခန်း ၅၃မှ အခန်း ၅၆ 🌿

  

                                                            


အခန်း၅၃

          🌸ဘီလူးနမ်းသော အရိုင်းပန်း🌸


အရမ်းချမ်းနေတာကြောင့် ဂွမ်းစောင်အထူကြီးကို
ကိုယ်ပေါ်မှာလွှားခြုံထားပေမဲ့ မျက်နှာပေါ်ကိုလာထိခတ်နေတဲ့ အေးစက်သောခံစားချက်ကြီးကြောင့်
အိပ်နေရာမှ မျက်လုံးတွေကို အသာဖွင့်ကြည့်လိုက်မိသည်။

အခန်းထဲမှာ မီးပိတ်ထားတာကြောင့်  တစ်ခန်းလုံးမှောင်မဲနေပေမဲ့ လသာဆောင်ဘက်မှာထွန်းထားသည့်မီးအလင်းရောင်ကြောင့် ဖြူလုံးရဲ့ မျက်နှာကို ဘယ်သူလာထိနေသလဲဆိုတာ သေချာမြင်နေရပါတယ်။သူကတော့ အခြားသူမဟုတ်ပဲ ဖြူလုံးအရမ်းကို လေးစားအားကျရတဲ့အပြင် ချစ်ခင်စုံမက်နေသူလဲဖြစ်တယ်။

ဒါပေမဲ့ ဖေဖေ့ကိုလုပ်လိုက်တဲ့အပြုအမူတွေက လူကြီးလူကောင်းမပီသဘူး ။ပြီးတော့ အကြင်နာတရားခေါင်းပါးလွန်းတယ်။အခုအချိန်မှာ ကိုကြီးကို ဖြူလုံးဘယ်နည်းနဲ့မှအမြင်မကြည်နိုင်ဘူး။

"ဖြူလုံး.....မင်းဘာလို့ကိုယ့်ကို အဲ့လိုကြည့်နေတာလဲ...."

"....ကျွန်မကအဲ့လိုပဲကြည့်တတ်တယ်..."

"ဖြူလုံး..ငါမွေးရင် မင်းကငါ့သမီးလောက်ပဲရှိတယ်နော်....ဘာကျွန်မလဲ....တော်တော်မိုက်ရိုင်းနေတယ်ဟုတ်လား..."

ဖြူလုံးကို မျက်ထောက်နီကြီးနဲ့ လာကြည့်ပြီး
တအားအော်လိုက်တာကြောင့် ဖြူလုံးလည်းမျက်နှာကို မဲ့ပစ်လိုက်ပြီး ကုတင်ပေါ်ကနေ ထထိုင်လိုက်သည်။

ကိုကြီးကတော့ မတ်တပ်ရပ်လျှက်အနေအထားနဲ့ လက်သီးတွေကိုလည်း ဆုပ်ထားရင်းဖြူလုံးကို ကြည့်နေလေရဲ့။သူ့ရဲ့ဒေါသထွက်နေတဲ့ မျက်နှာကိုခဏခဏ မြင်ဖူးပေမဲ့ ဒီတစ်ခါတော့ အသဲအနာဆုံးပဲ။

"ဖြူလုံး....မင်းရဲ့အဲ့ဒီ့အကြည့်တွေကို ပြင်လို့ပြောနေတယ်နော်...."

"သမီးကိုတော့လာပြောနေတယ်....ကိုကြီးကရော...
ဘာလို့ အဖေ့ကိုအသားကုန်ဆောင့်တွန်းလိုက်ရတာလဲ....အဲ့ဒါအရမ်းရိုင်းတဲ့အပြုအမူလို့ မထင်ဘူးလား...."

"မင်းငါ့ကို လာမဝေဖန်နဲ့...."

"မဝေဖန်စေချင်ရင်....အခုဘာတွေ‌လုပ်နေတာလဲပြောလေ...သမီးကိုဘာလို့ အခန်းထဲမှာပိတ်ထားရတာလဲ...အဲ့ဒါကို ရှင်းလေ....အဖေနဲ့လည်းတွေ့ခွင့်မပေးဘူး...ဒီလိုမှန်းသာသိရင်....အဖေအတင်းခေါ်နေတုန်းက အမြန်လိုက်သွားလိုက်ပါတယ်...."

သူမရဲ့နောက်ဆုံးစကားလုံးက သူ့ဒေါသကိုပိုပြီးပြင်းထန်သွားစေတာကြောင့် သူ့မရဲ့ပုခုံးကို လက်နှစ်ဖက်နဲ့  ဖိညှစ်ကာသူ့နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ဆောင့်ဆွဲလိုက်မိသည်။

"မင်းပါးစပ်က ငါ့ဆီကနေထွက်သွားမယ်ဆိုတဲ့ စကားကိုဘယ်တော့မှာ မပြောနဲ့ မင်းကငါလက်ထက်မဲ့မိန်းကလေးပဲ....မင်းရဲ့ကျန်တဲ့ဘ၀တစ်ခုလုံးမှာ ငါနဲ့ပဲအတူဖြတ်သန်းရမယ်...
မင်းရဲ့အဖေဆိုတာကိုလည်း မေ့ပစ်လိုက်...."

"ဘာလို့မေ့ပစ်ရမှာလဲ!!!!...."

"အား!!!!....မင်း!!!!!"

ကိုကြီးက သူ့ရင်ဘတ်ကို လက်နဲ့ပြန်စမ်းပြီး ဖြူလုံးကို ဒေါသမျက်၀န်းကြီးနဲ့ကြည့်လာသည်။
ဖြူလုံးလည်း အဖေ့ကိုမေ့ပစ်ရမယ်ဆိုတဲ့ စကားကိုကြားတော့ ချက်ချင်းတုန့်ပြန်မိလိုက်တာဟာ
ကိုကြီးရဲ့ ရင်ဘတ်ကို တွန်းထုတ်ပြစ်လိုက်မိတာပဲ။
အိင်္ကျီရင်ဘတ်က ကြယ်သီးဖြုတ်ထားတဲ့နေရာကို လက်သည်းငုတ်တိုနဲ့ ဘယ်လိုခြစ်လိုက်မိမှန်းမသိပါဘူး။အသားဖြူတဲ့ လူမို့ ရင်ဘတ်က ချက်ချင်းရဲတက်သွားသည်။

ထိုဒဏ်ရာကို ကြည့်ပြီးမျက်ရည်ဝဲမိပေမဲ့ ကိုကြီးကို သနားမနေမိဘူး။ ဖြူလုံးကို သူသိပ်အနိုင်ကျင့်တယ်။ အခုချိန်မှာ သူ့ရဲ့ခရမ်းရောင်မျက်၀န်းတွေက ဘာစွဲဆောင်မှုမှမရှိတော့သလို သူ့ရဲ့ကော့ညွှတ်နေတဲ့ မျက်တောင်ထူထူကြီးတွေကလည်း ညှို့ယူ
မဖမ်းစားနိုင်တော့ဘူး။ သူ့အတ္တက သိပ်ကြောက်စရာကောင်းတယ်လို့ပဲမြင်တယ်။ဖအေကို အဝေးပို့ပြီး သမီးကို လက်ထက်မယ်တဲ့။နူးညံ့ခြင်းမရှိတဲ့ ဒီစကားက သိပ်ကြောက်စရာကောင်းတယ်။

"ငါဒီမြို့ကနေပြန်ရင် မင်းလည်းလိုက်ခဲ့ရမယ်...
ပြင်သစ်ကိုရောက်တာနဲ့ ကျောင်းတက်ဖို့အားလုံး လုပ်ပေးမယ်....ကျောင်းပြီးတာနဲ့ ငါနဲ့လက်ထပ်ရမယ်...."

"ဟား....အံ့ဩဖို့ကောင်းလိုက်တာ...ကျွန်မကဘယ်တုန်းက သဘောတူလိုက်လို့ ဒီစိတ်ကူးတွေကို ကိုကြိုတွေးထားရတာလဲ....အခုချိန်မှာ အဲ့ဒါတွေလုံး၀မသိချင်ဘူး....ကျွန်မသိချင်တာက အဖေဘယ်မှာလည်း....အဖေ့ကိုဘာကြောင့်တွေ့ခွင့်မပေးရတာလဲ....ဒါပဲသိချင်တယ်....."

"ကောင်းပြီ...မင်းကမေးတော့ ငါ့ကလည်းပြန်ဖြေမယ်....မင်းအဖေက ငါ့အခန်းထဲမှာသိမ်းထားတဲ့ ဒိုင်ယာရီစာအုပ်ကိုခိုးပြီး...ငါက ကဝိပါဆိုတာကို မင်းဦးလေး အဂ္ဂကိုသွားပြောတယ်....ပြီးတော့ငါသိရင် ပြဿနာတက်မှာကို သိလို့ မင်းကိုခေါ်ပြီး
ဒီကနေထွက်သွားဖို့လုပ်တာ...မင်းသိလား...ငါ့အဖေ သေရတဲ့ အဓိကတရားခံက မင်းရဲ့အဖေကြောင့်ပဲ....ငါ့အဖေကို ဦးအဂ္ဂဆီလွှတ်ပြီး....အသ တ်ခံရအောင် လုပ်လိုက်တာမင်းအဖေကွ....မင်းရဲ့မျက်နှာကြောင့်သာ ငါသူ့ကိုလွှတ်ပေးထားခဲ့တာ အခုတော့မရတော့ဘူး....ငါ့ရဲ့ရန်သူစာရင်းမှာ မင်းအဖေက နံပါတ်သုံးပဲ..."

ကိုကြီးရဲ့ ဒိုင်ယာရီစာအုပ်ကိုဖတ်ခဲ့ဖူးတုန်းက ဒီ‌အကြောင်းတွေကို အနည်းအကျဉ်းသိပေမဲ့ အဖေတို့ကဒီလောက်အထိ လုပ်ထားခဲ့မယ်လို့ မထင်ထားခဲ့မိဘူး။ဒါပေမဲ့ ကလဲ့စားချေမှုကိုလည်း တကယ်ကြီးအကောင်အထည်ဖော်လိမ့်မယ်လို့ မထင်မိရိုးအမှန်ပါ။

"အခု....အဖေ့ကို ဘာလုပ်လိုက်ပြီလည်း..."

"ဘာမှတော့ မလုပ်ရသေးဘူး...ဒါပေမဲ့..ငါ့အဖေခံစားခဲ့ရတဲ့ နာကျင်မှုမျိုးကို သူပြန်ခံစားရလိမ့်မယ်...."

"ဘာ....."

ဖြူလုံးရဲ့ မျက်၀န်းထဲမှ တွဲခိုနေတာကြာပြီဖြစ်သော မျက်ရည်စတွေဟာ ပါးပြင်ပေါ်သို့ အလိုလိုလှိမ့်ဆင်းကြလာလေသည်။ အဖေ့အကြောင်းကို စဉ်းစားကြည့်လိုက်မိတဲ့အချိန်တိုင်း စိတ်လှုပ်ရှားလွန်ပြီးရင်ထဲမှာ အသက်ရှူတောင်မမှန်ချင်တော့လောက်အောင်ပါပဲ။

"ကျေးဇူးပြုပြီး အဖေ့ကိုချမ်းသာပေးပါ....ကျွန်မတောင်းပန်ပါတယ်....‌အဖေကအသက်ကြီးပါပြီ...အဖေ့ကိုဒုက္ခမပေးပါရှင်....ဒူးထောက်ပြီးတောင်းပန်ဆိုရင် တောင်းပန်ပါ့မယ်...."

"ဖြူလုံး....မင်းဘာလုပ်တာလဲ....."

ဒူးထောက်ပြီး တောင်းပန်နေသည့်သူမရဲ့လက်မောင်းတွေကို ဆွဲမပြီးမထူလိုက်ကာသူ့ရင်ခွင်ထဲတွင် တင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်မိသည်။ ရှိုက်သံနဲ့အတူ သူမရဲ့ ခန္ဓာကိုယ်လေးတုန်တက်သွားတာကိုလည်း ခံစားသိရှိလိုက်ပါသည်။

ညကလည်း အအေးဓာတ်ပိုလာသလို အခန်းထဲမှာ အမှောင်ထုကလည်း အုပ်စိုးထားပေမဲ့ လသာဆောင်က အလင်းရောင်လေးဟာ သူမရဲ့၀မ်းနည်းမှုတွေကိုထင်ထင်ရှားရှား မြင်နေရစေပါတယ်။သူမရဲ့ ကျောပြင်အပေါ်မှာ လက်တွေကိုစုံချီဆန်ချီရွေ့လျားနေမိပေမဲ့ ဒီ၀မ်းနည်းမှုတွေကို
ဖြေသိမ့်မပေးချင်ဘူး။

"ဖြူလုံးကို ကိုကြီးသိပ်ချစ်တယ်....ကိစ္စတွေအားလုံးပြီးသွားတာနဲ့ ကိုယ့်ကိုလက်ထပ်ပါနော်....
ဖြူလုံးရော ကိုကြီးကိုချစ်တယ်မဟုတ်လားဟင်..."

"သမီးကတော့ ကိုကြီးကိုလက်မထက်နိုင်ဘူး....
သမီးချစ်တဲ့အချစ်က အစ်ကိုတစ်ယောက်ထက်
မပိုဘူး....အဖေနဲ့သမီးကို လွတ်ပေးပါနော်...."

သူမရဲ့လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်ပြီး သူ့င်ခွင်ထဲကနေ ဆွဲထုတ်လိုက်တော့ ခပ်စိမ်းစိမ်းဆိုက်ကြည့်လာတဲ့ သူမရဲ့အကြည့်တွေ။ဒီအကြည့်တွေနဲ့ သူမကြည့်ခဲ့ဖူးတာက စံပယ်ပန်းတွေနဲ့ ကိုယ့်ကျောကိုပေါက်လိုက်တဲ့ညကပဲ။

"မင်းငါ့ကို အဲ့ဒီ့လိုမကြည့်နဲ့!!!!!...."

"ကြည့်မှာပဲ!!!!....ဒီအခန်းထဲကနေ မလွှတ်ပေးမချင်း...ဒီအကြည့်မျိုးနဲ့ပဲကြည့်နေမှာ....ရှင့်ကိုကျွန်မအထင်ကြီးခဲ့တာတွေ အားလုံးကအလကားပဲ....
ရှင့်ရဲ့ အခုလက်ရှိအခြေအနေကို မ‌ကျေနပ်သေးဘူးလား....ရှင့်မှာအရာအားလုံးပြည့်စုံနေပြီပဲ.....
ကလဲ့စားချေတယ်ဆိုတာ လူကြီးလူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူး...."

"မင်းက ဘာသိလို့ ငါ့ကိုဒီလိုလာချိုးဖဲ့နေတာလည်း ဟမ်!!!!!!မင်းကဘာသိလို့လဲ...."

သူ့ရဲ့ အော်လိုက်တဲ့အသံကြီးက ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားသည်အထိတုန်လှုပ်သွားစေတဲ့အပြင် ရှေ့တိုးလာတဲ့ သူ့ခြေလှမ်းတွေကြောင့် အနောက်သို့အလိုအလျှောက် ခြေလှမ်းနေမိပြန်သည်။

"ငါ့အဖေတစ်ယောက်လုံး..ဓား ထိုးခံရပြီးလူ
သ တ်တရားခံတောင်မပေါ်ပဲ ဒီအတိုင်း သေပေးခဲ့ရတာကို....ငါကကလဲ့စားပြန်မချေရဘူးလား...
ငါ့အိမ်တစ်ခုလုံး မီး လောင်နေတာကို ရင်နာနာနဲ့ငါကြည့်နေခဲ့ရတယ်....ငါ့ခန္ဓာကိုယ်တစ်ခုလုံးကို
ဒဏ် ရာအနာ တရဖြစ်အောင် လုပ်ခဲ့ကြတယ်....
ငါကပြန်တုန့်မပြန်ရတော့ဘူးလား...."

"ရှင်အရှေ့တိုးမလာနဲ့နော်....အား!!!!!!"

အနောက်က ကုတင်ကြီးနဲ့ ခြေထောက်က ပြန်တိုက်မိပြီး ကုတင်ပေါ်ထိုင်လျှက်ကျသွားတဲ့ အချိန်မှာ အပေါ်ကနေ အုပ်မိုးလိုက်တဲ့ သူ့ကြောင့် ကုတင်ကြီးက အိကျသွားပြီး ကုတင်ပေါ်ကို ပက်လက်လန်
လျှက် လဲကျသွားလေသည်။

အစကကြောက်တဲ့အရှိန်နဲ့မို့ ညာလက်နဲ့ မျက်လုံးကို အုပ်ထားပြီး ခေါင်းကိုစောင်းလိုက်မိပေမဲ့ မျက်လုံးပေါ်ကလက်ကို ဖယ်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ မဲ့ပြုံးကြီးကြောင့် စိတ်လှုပ်ရှားမှုတွေပြင်းထန်လာပြီး ကြောက်စိတ်တွေသာ ကြီးစိုးလာသည်။

သူ့ရင်ဘတ်ကို ‌အားနဲ့ဆောင့်တွန်းလိုက်မိပေမဲ့
ပုရွက်ဆိတ်က ဆယ့်နှစ်ယူဇနာရှိတဲ့ကျောက်တုံးကြီးကို တွန်းနေရသလိုပါပဲ။ မတတ်နိုင်တဲ့ အဆုံးမှာ ဖြူလုံး မျက်ရည်ဝဲလာမိလေသည်။

"မင်းလည်း....မင်းအဖေနဲ့အတူတူပဲနော်
....ဇာတိဆိုတာ တကယ်ကိုပြောင်းလဲလို့မရတာပဲ....
ငါမင်းကို အများကြီး ကာကွယ်ပေးခဲ့တယ်....
ငါ့ဘ၀မှာ တစ်ခါမှ မလုပ်ဖူးတဲ့ နူးညံ့တဲ့အပြုအမူတွေနဲ့ အတတ်နိုင်ဆုံး မင်းအပေါ်ကိုဆက်ဆံပေးခဲ့တယ်....
နောက်ဆုံးတော့ မင်းရဲ့အဖေဘက်ကနေပဲ မှားမှန်းသိလျှက်နဲ့ ရပ်တည်နေတယ်....မင်းကငါ့ရဲ့မေတ္တာနဲ့မတန်ဘူး.....မင်းအပေါ်ကို နူးညံ့ပေးခဲ့တဲ့အပြုအမူတွေထက်....ကြမ်းကြုတ်မှု‌တွေကိုပဲ မြင်တယ်.....
အဲ့တော့ ငါမင်းအပေါ်ကို ဘာမှနူးညံ့ပေးနေစရာအကြောင်းမရှိတော့ဘူး....."

သူ့ရဲ့စကားအဆုံးမှာ မျက်နှာကို မွှေ့ယာနဲ့ဖိကပ်ပြီး  ဘေးစောင်းထားမိရာမှ သူ့မျက်လုံးတွေကို တည့်တည့်ဆိုက်ကြည့်လိုက်ချိန်မှာ  ပါးပေါ်ကိုအတင်းတိုးဝှေ့လာတဲ့ အထိအတွေ့တစ်ခုကြောင့် ခြေထောက်တွေ လက်တွေကိုအတင်းရုန်းပစ်လိုက်သည်။

"အား!!!!....ဘာလုပ်တာလဲ...အဟင့်...ဟင့်..."

ဖြူလုံးရဲ့ လက်တွေက သူ့ရင်ဘတ်ကို ဖိထုနေရင်းနဲ့ မရတဲ့အဆုံးမှာ သူ့မျက်နှာကိုပါ  ကုတ်ခြစ်ပစ်မိတော့သည်။

သူနာသွားတော့ ဖြူလုံးကို ကြောက်စရာကောင်းစွာ ပြန်ကြည့်လာတယ်။သူ့ရဲ့ ရွံစရာလုပ်ရပ်ကြီးကိုတော့ ရပ်မပစ်လိုက်ပဲ လက်တွေကို ဖမ်းချုပ်ထားပြီး သူ့ရဲ့ခန္ဓာကိုယ်အလေးချိန်က လူကိုလှုပ်ဖို့အားယုတ်သွားစေတယ်။ဖြူလုံးပိုရုန်းလေ လည်ပင်းသားအပေါ်မှာ စူးနင့်တဲ့ ဒဏ်ရာတွေကပိုများလေပဲ ထင်ပါရဲ့။

သူ့ကဖြူလုံးကို ဒဏ်ခတ်နေတာပဲ။စိမ်းသက်တဲ့
အထိအတွေ့တစ်ခုက ဖြူလုံးကိုအရမ်းထိတ်လန့်
နေ‌စေပြီ။ဖြူလုံးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်လန့်မှုအတိနဲ့ တုန်လှုပ်နေပြီး သတိလစ်
မသွားအောင် စိတ်ကိုမနည်းစုစည်းနေရတယ်။
မျက်ရည်တွေကတော့ မွှေ့ယာထဲကို ဘယ်နှစ်စက်မှန်း မရေတွက်နိုင်လောက်အောင် မြှုပ်၀င်သွားကြပါသည်။

ရုန်းနေမိတဲ့ အကြောအာရုံတွေအားလုံး ရပ်တန့်လိုက်မိတဲ့အချိန်မှာတော့ သူကဖြူလုံးကို ပြန်ကြည့်လာတယ်။ဖြူလုံးလည်း သူ့ကိုပြန်ကြည့်လိုက်ပေမဲ့ ခံစားချက်ပါမနေတော့ဘူး။ဖြူလုံးသူ့ကို မုန်းနေတာလားဆိုတော့ မဟုတ်ဘူး။ဖြစ်လုံးသူ့ကို ကြောက်လန့်နေမိတာ။ ချစ်သေးရဲ့လားဆိုရင်တော့ ဖြူလုံးပိုပြီး ဝေခွဲမရတော့ဘူး။

"ဘာလို့ ငြိမ်သွားတာလဲ...."

ဖြူလုံး သူ့ရဲ့ခရမ်းရောင်မျက်၀န်းတွေကို အသေအချာကြည့်လိုက်ပြီး စိတ်ပျက်စရာအပြုံးတစ်ခုကို ဖန်ဆင်းလိုက်မိပါပြီ။

"အဟင်း....ကျွန်မအပေါ်ကို တစ်ချိန်လုံးကောင်းပေးခဲ့တာက ဒီလိုအခွင့်အရေးယူဖို့ အတွက်လား...."

ဝဲတက်လာတဲ့ သူမရဲ့မျက်ရည်စတွေကို မသုတ်ပေးမိဘူး။ဒါပေမဲ့ စိတ်လိုက်မာန်ပါလုပ်လိုက်မိတဲ့ သူမရဲ့လည်ပင်းမှ အညိုကွက်တွေကို ပြန်ကြည့်လိုက်မိတော့ သူမရဲ့လက်တွေကိုချုပ်ထားမိရာမှ ချက်ချင်းလွှတ်ပေးလိုက်မိသလို ကုတင်ပေါ်မှအမြန်ပြန်ဆင်းလိုက်မိသည်။

သူမက ပြုတ်သွားတဲ့ ကြယ်သီးတွေပြန်တပ်ပြီး
အိင်္ကျိကို အသာပြန်စိရင်း မျက်နှာလွှဲသွားလေသည်။
ဖြူလုံး ငါ့ကိုအရမ်းမုန်းသွားပြီလား။ငါဘာလို့။

"ဟာ......"

မျက်နှာကချွေးတွေကို သပ်ချလိုက်ပြီး
အံကိုခပ်တင်းတင်းဖိကြိတ်လိုက်မိသည်။
သူမရဲ့အဖေအပြစ်တွေကို ဘာမဆိုင်တဲ့ကလေးအပေါ်မှာ ပုံချမိနေပြီ။
သူမက အသက် ဆယ့်ခုနှနှစ်ပဲရှိသေးတာကို မေ့သွားပြီး ကလေးတစ်ယောက်ပြောတဲ့စကားတွေကို လိုက်ခံစားမိသွားခဲ့တယ်။

"ဖြူလုံး....ကိုကြီး.....တောင်းပန်ပါတယ်...နောက်ဒီလိုမဖြစ်စေရပါဘူး....."

ခပ်မြန်မြန်ပဲ အခန်းထဲကနေထွက်လာလိုက်ပြီး တံခါးကိုပြန်ပိတ်ပစ်လိုက်မိပါသည်။အခန်းအပြင်ဘက်မှာတော့ ဦးလူထိန်နဲ့ ဒေါ်နှင်းမြတ်က စိုးရိမ်နေသည့် မျက်နှာတွေနှင့် သူ့ကိုကြည့်လာကြသည်။

"ခင်ဗျားတို့က ဘယ်လိုလုပ်ပြီးရောက်လာကြတာလဲ...."

တော်နှင်းမြတ်လည်း ဦးလူထိန်ရဲ့မျက်နှာကို ပြန်ကြည့်လိုက်ပြီးနောက် နှစ်ယောက်သား မျက်နှာရိပ်ပြနေကြလေသည်။

"မေးနေတယ်လေ.....ဘာလို့ပြန်မဖြေကြတာလဲ...."

"ဟို....ကျွန်မက‌တော့ အော်သံကြားလို့ရောက်လာတာပါဆရာ..."

"ဘာ!!!!!"

အဆောက်အဦးက မျက်နှာကျက်အမြင့်ကြီးတွေနဲ့ဆောက်ထားတာ‌တောင်အပေါ်ထပ်ကအော်သံက အောက်ထပ်ကနေကြားရတယ်ဆိုတော့ ငါတော်တော်ကြမ်းသွားတာပဲ။သက်ပြင်းမောကြီးတစ်ခုကိုသာ ချလိုက်မိလေသည်။လက်ထက်ဖို့ကိစ္စတွေပါ လောကြီးပြီး ပြောလိုက်မိတဲ့ကိုယ့်ကိုကိုယ်လည်း အံ့ဩမိတယ်။

"ဦးလူထိန်ကရော...ဘာကိစ္စရှိလို့ ဒီကိုရောက်လာရတာလဲ..."

"ဆရာ...ငရဲရောက်နေပြီ...."

"ဗျာ....တကယ်လား....."

"ဟုတ်ကဲ့....ဒါပေမဲ့ သူဒဏ်ရာတွေရလာတယ်....."

"ဟာ....ပြောမနေနဲ့ဗျာ....သူရှိတဲ့အခန်းကိုသာ
လိုက်ပြ...."

ဦးလူထိန်က အရှေ့မှဦးဆောင်ခေါ်လာရင်းနှင့် ငရဲနားနေသည့် အခန်းအရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး တံခါးကိုဖွင့်လိုက်တယ်ဆိုရင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူအရမ်းကိုထိတ်လန့်သွားမိသည်။

ထိုင်ခုံမှာ ထိုင်နေသည့် ငရဲ၏ ခြေဖဝါးမှ သွေး တွေတစ်စက်စက်စီးကျနေပြီး ကြမ်းပြင်မှာမြင်မကောင်းလောက်အောင် ဖြစ်နေလေသည်။
ဘေးနားမှာလည်း အိမ်အကူမိန်းကလေးနှစ်ယောက်ရှိနေပြီး ကြမ်းပြင်မှ သွေးတွေကိုသုတ်နေကြလေသည် ။ငရဲဆီသို့ သူအမြန်ပြေးသွားလိုက်သည်။

"မင်း....ဘယ်လိုဖြစ်လာရတာလဲ....ဒီလောက်အထိ သွေးထွက်သံယို ဖြစ်အောင် ဟိုလူကြီးလုပ်လိုက်တာလား...."

ငရဲခမျာ အရမ်းနာနေတယ်ထင်ပါရဲ့ ပြန်ဖြေဖို့အရေး လက်ပင်းအကြောတွေထောင်တက်လာသည်အထိ နာကျင်မှုကို အံတုရင်းနဲ့ ဒေ၀ကိုပြန်ကြည့်လာလေသည်။

"ဦးအဂ္ဂက ဘယ်လိုရိပ်မိသွားသလဲမသိဘူး...သူ့လူတွေကို ငါ့နောက်ကိုလိုက်ခိုင်းကြတာ...ငါလည်း တောထဲကို ၀င်ပြေးရင်းနဲ့ ဖိနပ်ကျွတ်ပြီး ခြေထောက်တွေမှာ ငုတ်ဆူးတော့တာပဲ....‌ပြီးတော့ ငါပျားဖွတ်ဖူးတဲ့ တောင်အောက်မှာ ကမ်းပါးအသေးလေးရှိတာကို သိလို့ အောက်ကိုခုန်ချလိုက်ပြီး တောင်နံရံမှာ ကပ်နေလိုက်တာ...တကယ်ပြုတ်ကျရင်တော့ သွားရော....လူတွေပြန်ထွက်သွားတော့မှ နွယ်ကြိုးနဲ့ပြန်တွယ်တက်လာခဲ့တာ....ငါသေကံ
မပါသေးလို့ထင်ပါရဲ့....ကံကောင်းတာက အဲ့တောမှာ ငါတော၀က်ထောင်နေကြကွ....ကားလမ်းပေါ်ကို ပြန်ရောက်တော့ ပန်းခေါင်တောနားအထိ လမ်းလျှောက်လိုက်ရတယ်....ကံကောင်းလို့ ကားကြုံတွေ့ပြီး မင်းတို့လမ်းထိပ်အထိ ရောက်လာခဲ့တာပဲ.....အား!!!!!!"

ပြောလည်း ပြော အနာကလည်း တဆစ်ဆစ်နာလာသည်မို့ ထအော်လိုက်မိလေသည်။ အထဲကငုတ်တွေက ဆွဲနှုတ်ရင်သွေးပိုထွက်မှာ စိုးလို့မနှုတ်ရာကနေ ပိုပြီး နာလာလေသည်။

"မင်းကို ငါ ဆေးရုံလိုက်ပို့ပေးမယ်....ငါကျောပေါ်ကို တက်...."

ငရဲဘက်ကို ကျောပေးပြီးထိုင်ချလိုက်သည့်ဒေ၀၏ အပြုအမူကြောင့် ပေးနားကအထုတ်ကို လှမ်းယူပြီး
ကျောပြင်ပေါ် ခပ်ဖွဖွထုချပစ်လိုက်‌သည်။

"အဲ့ဒါဘာကြီးလဲ...."

ဒေ၀လည်းနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ သူ့မျက်နှာအနားကို လာထိနေသည့်အထုပ်ကြီး။ငရဲရဲ့မျက်နှာကို ကြည့်လိုက်မိတော့ မချိုမချဉ်မျက်နှာပေးနဲ့ မျက်ခုံးတစ်ဖက်တွန့်ပြလာပြီး ရယ်ပြလာသည်။

"မင်းအတွက်လက်ဆောင်လေ...မင်းငါ့ကိုဆေးရုံလိုက်မပို့နဲ့တော့ မင်းရဲ့ဒါရိုက်ဘာပဲ ပို့ပါစေ...မင်းလိုချင်တဲ့ သက်သေတွေကို ငါပေးလိုက်ပြီမို့ ဘယ်လိုဆက်လုပ်မလဲဆိုတာတော့...မင်းကိုယ်တိုင်ဆုံးဖြတ်ပေါ့....ဦးလူထိန်ကျွန်တော့်ကို ကူတွဲပါအုံးဗျာ...."

ငရဲက ဦးလူထိန်ရဲ့ပခုံးကိုဖက်ပြီး အခန်းထဲမှထွက်သွားလေသည်။ဒေ၀လည်း ကိုယ့်အခန်းသို့ ကိုယ်ပြန်ပြီး စာရွက်စာတန်းတစ်ခုချင်းဆီကို သေချာလှန်ကြည့်လိုက်ပြီးနောက် ကင်မရာကိုလည်း ဖွင့်ကြည့်လိုက်သည်။အချိန်အတော်ကြာ အောင်အထိ သူကြည့်နေမိပြီးနောက် ဘ၀မှာပထမဦးဆုံးသော
ကျေနပ်သည့် အပြုံးတစ်ခုကို ပြုံးလိုက်မိပါသည်။
စိတ်ထဲ၌ ကြွေးကြော်နေမိသော စကားတစ်ခွန်းကတော့....

"ဦးအဂ္ဂ.....‌ခင်ဗျားအလှည့်ပေါ့....ဟား...ဟား...."

ချက်ချင်းပဲ အထုတ်အပိုးတွေပြင်လိုက်ပြီးနောက်
နာရီကို တစ်ချက်ကြည့်လိုက်သည်။
အချိန်က ညနှစ်နာရီထိုးနေပြီမို့  လေးနာရီထိုးရင်ခရီးစထွက်ဖို့ ‌စဉ်းစားထားလိုက်သည်။
ကုတင်ပေါ်သို့ ခဏတက်ကာ နာရီကိုနှိုးစက်ပေးလိုက်ပြီး ဘ၀မှာအပျော်ရွှင်ဆုံးခံစားချက်တစ်ရပ်နဲ့အတူ အိပ်ချပြစ်လိုက်ပါသည်။

"တူ....တူ.....တူ...တူ...."

နှိုးစက်မှ အသံမြည်သည်နှင့် ချက်ချင်းထ မျက်နှာသစ်၊သွားတိုက်ပြီး ရေပါအမြန်ချိုးပစ်လိုက်သည်။ခေါင်းမလျှော်ပေမဲ့ ခေါင်းတွေပါ
ရေတစ်ခါတည်းစွတ်ပစ်လိုက်သည်။
ခေါင်းကို အမြန်သုတ်၊အ၀တ်စားအမြန်လဲပြီး
ခရီးဆောင်အိတ်နဲ့ စာရွက်စာတန်းတွေကို ယူပြီး အခန်းထဲမှ ထွက်လာလိုက်သည်။

ဖြူလုံးရဲ့ အခန်းအရှေ့ကနေဖြတ်လျှောက်မိတော့ စိတ်ထဲမှာ သူမကိုအရမ်းနှုတ်ဆက်ချင်နေမိတယ်။
ခရီးဆောင်အိတ်ကို သူမရဲ့အခန်းအရှေ့မှာ ချထားခဲ့လိုက်ပြီး ကိုယ့်အခန်းထဲမှာ သိမ်းထားတဲ့ သော့အပိုတစ်ခုကို သွားယူလိုက်သည်။

တစ်ဖက်တွင်တော့ အိပ်မောကျနေမိသော ဖြူလုံးဟာ သူမရဲ့နူဖူးကို လာကိုင်သည့်အေးစက်တဲ့ အထိအတွေ့နဲ့အတူ ပါးပြင်ပေါ်ကို ကျလာတဲ့ ရေစက်နှစ်စက်ကြောင့် အိပ်ရာမှနိုးသွားမိပေမဲ့ မျက်လုံးမဖွင့်ပဲ အိပ်ချင်ယောင်သာ ဆောင်နေလိုက်လေသည်။ထိုစဉ် သူမရဲ့ ပါးပြင်ကိုလာထိကပ်သည့် အနမ်းတစ်ပွင့်နှင့်အတူ တိုးညှင်းသောစကားသံလေးကို ကြားဖြစ်အောင်ကြားလိုက်ရပါသည်။

"လေးရက်လောက်နေပြီးရင် ကိုကြီးပြန်လာခဲ့မယ်...
ကိုယ်မှားခဲ့တာတွေအတွက်လည်း ဖြူလုံးစိတ်ကျေနပ်တဲ့အထိတောင်းပန်ပါ့မယ်...လိမ်လိမ်မာမာနဲ့
နေခဲ့နော်....ဖြူလုံးသာကိုယ့်ဘေးနားကနေထွက်သွားရင်....ကိုယ့်ရဲ့ဒဏ်ရာက ပိုနက်နေလိမ့်မယ်
...ကိုယ်မနာကျင်ပါရစေနဲ့....ချစ်တယ်...ကလေး...."

အခန်းတံခါးပိတ်သွားသံကြားတော့မှ ဖြူလုံးလည်း မွေ့ယာပေါ်ကနေထထိုင်လိုက်မိသည်။
မျက်၀န်းထဲမှာ ဝေ့လာတဲ့မျက်ရည်တွေကို ပါးပြင်အထိအရောက်မခံပဲ ခဏခဏသုတ်ပစ်နေမိပါတယ်။

"ဖြူလုံးလည်း ချစ်ပါတယ်....ဒါပေမဲ့ တစ်သတ်လုံးဒီစကားကို ပြောဖြစ်တော့မယ်မထင်ဘူး....
ကိုကြီးကို ဖြူလုံးကြောက်နေမိပြီ....ကိုကြီးရဲ့ဘေးနားမှာနေခွင့်ရရင်တောင် ပျော်နိုင်ပါတော့မလား..."

အခန်း၅၄...ဆက်ရန်....

=========================================================================

အခန်း၅၄
               ဘီဘူးနမ်းသော အရိုင်းပန်း

ဖြူလုံး ဒီအခန်းထဲမှာပဲ ပိတ်ခံနေရတာ နှစ်ရက်တောင် ပြည့်သွားခဲ့ပြီ။စားလည်း ဒီအခန်းထဲမှာပဲ စာကျက်တော့လည်း ဒီအခန်းထဲမှာပဲ သူငယ်ချင်းတွေနဲ့လည်းတွေ့ခွင့်မရသလို အခန်းထဲကို ထမင်းလာလာပို့ပေးကြတဲ့ လူတွေကလည်း ချိုင့်လေးသာ ခုံပေါ်တင်ပေးသွားခဲ့ကြတယ်။

ဘာစကားမှလည်း ပြောမသွားကြဘူး။အထီးကျန်မှုတွေ တိုးလာတိုင်း စာကိုပဲဖိကျက်နေမိတယ်။တစ်ခါတစ်လေတော့လည်း စကားပြောဖော်လေးတော့ ရချင်မိပါရဲ့။

လသာဆောင်မှာထွက်ပြီး သင်္ချာတွက်နေတာ‌‌ကြောင့် ငှက်သံကိုကြားလိုက်ရလို့ လှမ်းကြည့်လိုက်မိတော့ လသာဆောင်နဲ့ အနီးလေးက အုန်းပင်ကြီးအပေါ်မှ ငှက်သိုက်ကလေးတစ်ခုကို သွားတွေ့မိလေသည်။

ငှက်သိုက်ထဲကနေ ငှက်ကလေးတစ်ကောင်က ကောင်းကင်ပေါ်ကို ပြန်တက်သွားတော့ ဖြူလုံးပြုံးလိုက်မိသည်။

သူတို့များ လွတ်လပ်နေလိုက်ကြတာ။အတောင်ပံလေးတွေကို ဖြန့်ချပြီး လိုရာခရီးကိုလွတ်လွတ်
လပ်လပ်သွားနိုင်ကြတယ်။ ငါ့မှာတော့  လှောင်အိမ်ထဲက အတောင်ချိုးခံထားရတဲ့ ငှက်တစ်ကောင်လိုဖြစ်နေရတယ်။ ဘယ်မှလည်း မသွားရ၊ဘယ်သူ့ကိုမှလည်း တွေ့ခွင့်မရနဲ့ တကယ်ကို လူဖြစ်ရှုံးနေရ
သလိုပါပဲ။

"ဖြူလုံးလေး....ဒီမှာထမင်းချိုင့်နော်...."

သူမရဲ့ခေါ်သံကြောင့် လသာဆောင်မှာ မတ်တပ်ရပ်ရင်း လှည့်ကြည့်လာသော ကလေးမလေးရဲ့မျက်နှာကို ကြည့်မိတော့ ဒေါ်နှင်းမြတ်စိတ်မကောင်းဖြစ်ရလေသည်။ ထမင်းချိုင့်လာပို့တိုင်းလည်း တစ်လုတ်နှစ်လုတ်လောက်သာစားပြီး ချိုင့်ကိုပြန်ပြန်ပိတ်ထားတတ်တယ်။

အခန်းထဲမှာ ပိတ်ခံထားရတာ နှစ်ရက်နဲ့ တစ်ညနေပဲရှိသေးတာတောင် မျက်နှာလေးကတော်တော်ကို ချောင်ကျသွားတယ်။ ကလေးကိုကြည့်ပြီး ကိုယ်ပါစိတ်ဆင်းရဲလာမိတာကြောင့် ချိုင့်ကိုခုံပေါ်မှာပဲ
အမြန်တင်ပြီး အခန်းထဲမှ ထွက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။

"အန်တီနှင်းမြတ်...."

ဒေါ်နှင်းမြတ် ပြန်လှည့်ကြည့်လိုက်တော့ လုံးလုံးက သူ့ဆီသို့ တစ်လှမ်းချင်းလာနေလေသည်။

သူမမျက်နှာလေး မကောင်းရှာတာကြောင့် ဒီတစ်ခါတော့ အားပေးစကားလေးပြောပြီးမှ သွားမည်ဟု ဆုံးဖြတ်လိုက်သည်။

"အန်တီ့ကို သမီးတစ်ခုလောက် မေးချင်တယ်..."

"မေးလေ လုံးလုံးရဲ့...."

"သမီး....ဒီအခန်းထဲမှာ နေရင်းနဲ့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် တစ်ခုခုလုပ်ပစ်လိုက်ချင်စိတ်တွေဖြစ်လာတယ်...အဲ့ဒီ့စိတ်ကို ဘယ်လိုဖျောက်ရမလဲ..."

"အို....လုံးလုံးရယ်....မဟုတ်တာတွေမကြံစည်ပါနဲ့..."

ဒေါ်နှင်းမြတ်လည်း စာနာမိတာကြောင့် လုံးလုံးရဲ့ လက်ကလေးတွေကိုကိုင်ပြီး အားပေးမိသည်။
နှစ်ယောက်သားထိုင်ခုံမှာ ၀င်ထိုင်လိုက်ကြတော့ ကလေးမက မျက်ရည်ကျလာသည်။

"အဟင့်...သမီးရဲ့ဘ၀ကြီးက အသက်ရှင်နေရင်တောင် ဘာအဓိပ္ပာယ်မှ ရှိမနေတော့သလိုပဲ...
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း တွေ့ခွင့်
မရှိဘူး...အခန်းထဲကို၀င်လာသမျှ အလုပ်သမားတွေကလည်း စကားတစ်ခွန်းတောင် ပြောမသွားကြဘူး...ဒါ့ထက်ပိုဆိုးတာက ကိုယ့်အဖေကိုတောင်
ပြန်မကာကွယ်ပေးနိုင်ဘူး...အဟင့် သမီးသိပ်စိတ်ညစ်တာပဲ....ကိုကြီးက သမီးကိုဘာလို့ ဒီလို‌ချုပ်နှောင်ထားရတာလဲ...."

"လုံးလုံး....အန်တီနှင်းမြတ်ပြောတာလေးကို ခဏလောက်နားထောင်ပေးနော်....တကယ်တော့ ဆရာကသမီးကို အရမ်းမြတ်နိုးလို့ ဒီလိုအခန်းထဲမှာ ပိတ်ထားတာပါကွယ်..."

"မဖြစ်နိုင်ပါဘူး....သူရန်ကုန်ကိုမသွားခင်ညကအပြုအမူတွေကို ကြည့်ရင်ဖြူလုံးကိုသူ မကျေနပ်မှန်းသိသာပါတယ်...."

"မဟုတ်ဘူးနော်....လုံးလုံးရဲ့အမြင်မှာတော့ ဆရာကအဲ့လိုဖြစ်နေပေမဲ့...အန်တီတို့အမြင်မှာတော့ ဆရာကသမီးလေးအပေါ်ကို ဘယ်သူနဲ့မှမတူအောင်ကို ဆက်ဆံတာအရမ်းသိသာလွန်းတယ်...
ကိုလူထိန်ပြောစကားအရဆိုရင်....သမီးတောင်ပေါ်ကနေပြုတ်ကျတဲ့နေ့က ဆရာ့မျက်နှာကြီးကလေ
ငိုချတော့မဲ့အတိုင်းပဲတဲ့...ညဘက်အထိသမီးလေး သတိမရတော့....အခြားလူတွေကို သွားအိပ်ခိုင်းပြီး သူတစ်ယောက်ထဲ မီးပုံဘေးမှာ စောင့်ကျန်‌နေခဲ့တာတဲ့...သူစိမ်းတစ်ယောက်ကို ဒီလောက်အထိစိတ်ပူပေးတတ်တဲ့ မေတ္တာထားတတ်မှုမျိုးက...မိဘ၊ညီအစ်ကို၊မောင်နှမအရင်းတွေလောက်ပဲ ပြုမူတတ်တာမျိုးပါကွယ်...ဒါကို ကြည့်ခြင်းအားဖြင့် သမီးအပေါ်ထားတဲ့ ဆရာ့ရဲ့စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို မြင်ကြည့်နိုင်ပါတယ်...."

အန်တီနှင်းမြတ်ပြောမှပဲ ဖြူလုံးသေချာစဉ်းစားကြည့်မိတယ်။အဲ့ဒီ့ညကဖြူလုံးဗိုက်ဆာတယ်ဆိုလို့ သူကိုယ်တိုင်စွပ်ပြုတ်တောင် ချက်ချင်းလုပ်ပေးခဲ့သေးတယ်။

ဒါတင်မကသေးပါဘူး။ ပွဲဈေး‌မှာ ရဟက်စီးတုန်းကလည်း ဖြူလုံးပြုတ်ကျမှာစိုးလို့  သူ့ခြေတံအရှည်ကြီးတွေနဲ့ ဖြူလုံးရဲ့ ခြေထောက်တွေကို ညှပ်ပေးထားခဲ့သေးတယ်။

အလုပ်ပင်ပန်းနေတာတောင် ထိုင်လျက်ကြီးအိပ်ငိုက်ပြီး ဖြူလုံးနဲ့အတူ ဇာတ်ပွဲလည်း အတူကြည့်ပေးခဲ့တယ်။

ငယ်ငယ်လေးထဲကနေ အခုအချိန်အထိ ကိုကြီးဘက်ကနေပဲ အနစ်နာခံပြီး ကောင်းပေးခဲ့ဖူးတယ်။
ဖြူလုံးဘက်ကတော့ တစ်ခါမှ ပြန်မတုန့်ပြန်ပေးခဲ့ဖူးဘူး။

"...သမီးမှားသွားပြီအန်တီ....ကိုကြီးအပေါ်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူပြောဆိုလိုက်မိတယ်...."

"အင်း....အပေါ်ယံအမြင်မှာတော့ ဆရာဟာ ဒေါသကြီးတယ်...ကြမ်းတမ်းတယ်လို့ မြင်နိုင်ပေမဲ့ သူကအရမ်းသနားစရာကောင်းပါတယ်ကွယ်...
ငယ်ငယ်တည်းကမိခင်မေတ္တာကို ငတ်မွတ်ခဲ့ရသလို ဖခင်ကိုပါ ဆုံးရှုံးလိုက်ရတော့ သူမခံမရပ်နိုင်ဖြစ်ပြီး အခုလိုပြန်ကလဲ့စားချေတယ်လို့ ထင်ပါတယ်ကွယ်...သမီးနားလည်ပေးလိုက်ပါနော်....အရင်တုန်းက သမီးလေးကို ဆရာဆူတယ်ဆိုတာဟာ ကောင်းစေချင်လို့ တော်စေချင်လို့ဆိုတာ အန်တီကတော့အတတ်ပြောနိုင်တယ်...လုံးလုံးဟိုတစ်ခါ ပွဲဈေးကို သွားတုန်းကဆိုရင်လေ....အလုပ်ကနေပြန်ရောက်တာနဲ့ ချက်ချင်းပဲစိုးရိမ်ပြီး ပွဲဈေးကိုလိုက်တာပဲ
ကြည့်တော့....အန်တီ့အထင်တော့ အခုအခန်းထဲမှာ ပိတ်ထားတာကလည်း သမီးလေးသူ့ကိုခွဲသွားမှာ စိုးလို့ထင်ပါတယ်ကွယ်... "

"ဒါနဲ့ သမီး‌ရဲ့အဖေရော....အဖေ့ကိုဘာလုပ်လိုက်သေးလဲ...."

"လုံးလုံးရယ်...ကိုဂန္တ၀င်ကလုံးလုံးရဲ့အဖေပဲဥစ္စာ ဆရာကဘာလုပ်မှာလည်းကွယ်...ကဲ...အန်တီလုပ်စရာလေးရှိလို့ သွားတော့မယ်နော်...လုံးလုံးလည်း ထမင်းစားလိုက်အုံးနော်...."

"ဟုတ်ကဲ့အန်တီ....."

ဒေါ်နှင်းမြတ်ရဲ့စိတ်ထဲတွင်တော့ ဒီနေ့ပဲဦးဂန္တ၀င်ကို စံအိမ်ကနေမောင်းထုတ်လိုက်ဖို့ ဆရာရန်ကုန်ကနေဖုန်းလှမ်းဆက်တာကိုတော့ မပြောဖြစ်အောင်သတိထားရင်း ဖြူလုံးကိုပြုံးပြလိုက်သည်။

ဒီတစ်ခါတော့ ဖြူလုံးလည်းပြုံးပြလိုက်မိလေသည်။ဖေ့ဖေ့ကို ဘာမှဒုက္ခမပေးဘူးဆိုတာနဲ့တင် စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေက တစ်၀က်လောက်လျှော့သွားရပါပြီ။

နောက်ထပ်စိုးရိမ်ပူပန်နေတာ တစ်ခုကတော့ ကိုကြီးပြန်လာရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာပဲ။
အစကတော့ ဖြူလုံးကိုသူဘက်ကလည်း ပြန်ချစ်ပေးရင်ကောင်းမှာပဲလို့ တွေးကြည့်ခဲ့ဖူးတယ်။

အခုတော့ လူဆိုးကြီးက လက်ထပ်ခွင့်ပါလာတောင်းနေတယ်။လောတော့လည်း သူ့အပြင်မရှိပါလား။ဖြူလုံးက ဆယ်တန်းတောင်မဖြေရသေးဘူး။

ပြောတော့ ဆယ်တန်းဖြေပြီးမှ ပြောမယ်ဆိုပြီး။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဆရာရေ.....ဆရာ့....ပြဿနာတော့အကြီးကြီးတက်ပြီ....."

"ဟေ့ကောင် ဒါအစည်းအဝေးအခန်းနော် မင်းအိမ်
မဟုတ်ဘူး...၀င်ချင်တိုင်း၀င်....ထွက်ချင်တိုင်းထွက်
မနေနဲ့..."

ဦးအဂ္ဂလည်း အစည်းအဝေးလုပ်နေတာကို လာနှောက်ယှက်သည့် အတွင်းရေးမှူးကို မျက်မှောင်ကြီးကြုံ့၍ကြည့်ရင်း အော်လွှတ်လိုက်သည်။
အတွင်းရေးမှူး ဟိန်းသစ်က လက်ထဲမှာလည်း
လက်ပ်တော့တစ်လုံးကို ကိုင်ထားပြီး မျက်နှာကလည်း တော်တော်လေး စိတ်ဆင်းရဲနေသလို ဖြစ်နေသည်။

"မင်းရုပ်က ဘာဖြစ်နေတာလဲ....ဒီမှာအစည်းအဝေးလုပ်နေတယ် အခုချက်ချင်းထွက်သွားစမ်းကွာ..."

"မဟုတ်ဘူးဆရာ...ဒီမှာ ဆရာတို့မျက်နှာတွေက
တစ်နိုင်ငံလုံးပွထနေပြီ...ဒီမှာကြည့်အုံး...."

"ဘာ...."

ဟိန်းသစ်က သူ့လက်ပ်တော့ကို အစည်းအဝေးလုပ်နေသည့် ခုံကြီးပေါ်သို့တင်လိုက်ပြီး အသံကျယ်ကျယ်ဖွင့်လိုက်သည်။
သတင်းဌာနက BBCမြန်မာသတင်းဖြစ်တာကြောင့် သတင်းဌာနနာမည်ကို ကြည့်လိုက်မိသည်နှင့်
ဦးအဂ္ဂလည်း မျက်လုံးပြူးသွားလေသည်။

"ဟာ....ငါတို့မျက်နှာတွေပါလား...."

"ဟုတ်တယ်ဆရာရေ...ဒီအစည်းအဝေးခန်းထဲကလူတွေအကုန်တစ်ယောက်မကျန်ပါတယ်...စာရင်းတွေနဲ့ ဆရာတို့ရုပ်တွေပါတွဲပြီး သေချာပြထားတာ
..တောထဲမှာရှိတဲ့  ကျွန်တော်တို့ရဲ့ သစ်ထုတ်တဲ့
နေရာတွေကိုလည်း ဗွီဒီယိုရိုက်ထားတာတွေရော....အလုပ်သမားတွေကို အင်တာဗျူးထားတာတွေပါ...ပါတယ်...ဘယ်ခုနှစ်မှာ သစ်ဘယ်နှစ်တန်
ခိုးထုတ်တယ်ဆိုတဲ့... စာရင်းအတိအကျပါ ပြောထားကြတာ....ဒီBBCသတင်းဌာနတစ်ခုထဲတင်မကဘူး...အခြားသတင်းပေ့ခ်ျတွေမှာလည်း
တင်‌နေကြတာပွထနေတာပဲ...ဒီမှာကြည့်......"

အဂ္ဂဟာ ဆိုရှယ်မီဒီယာကို အာရုံနောက်လို့ မသုံးဘဘဲထားတာကြောင့် ဒီကိစ္စကြီးကသူ့ကိုစပရိုက်ဖြစ်သွားစေသည်။
သူတင်မဟုတ်ပဲ အစည်းအဝေးခန်းထဲကလူတွေအားလုံးပါ ထိုသတင်းကြောင့်တုန်လှုပ်သွားကြလေသည်။

"ဒီသတင်းကို ဘယ်တုန်းကပြန့်သွားတာလဲ..."

ဒီမနက်မှBBCရဲ့ မနက်ခင်းသတင်းမှာပါလာတာဆရာ....ဆရာတို့ကအလုပ်များနေကြတော့ ဘယ်သိလိုက်မလည်း...ကျွန်တော်လည်း အစည်းအဝေး
စတော့မှ အင်တာနက်ပေါ်တက်ကြည့်တော့ သိလိုက်တာ....BBCတင်မကဘူး....နေ့တစ်၀က်လေးနဲ့ Online ပေါ်မှာ ပျံ့သွားပဲ...."

"ဒါဆို...တစ်ယောက်ယောက်က တစ်ချိန်တည်းမှာ သတင်းပျံ့သွားအောင် တမင်လုပ်လိုက်တာများလား...."

ဦးဘုန်းခိုင်၏ စကားကြောင့် ဦးအဂ္ဂပထမဦးဆုံးစဉ်းစားလိုက်မိသည်က ငရဲပဲ။ဒီကောင် မသေတာ သေချာသွားပြီ။ဒီသတင်းက ဒီကောင့်ဆီကနေ  ဒေ၀ဆီကို ရောက်သွားတာပဲနေမယ်။

"‌ဆရာ..... Facebook မှာတင်မကဘူး....တွစ်တာနဲ့ YouTube မှာလည်း ဒီသတင်းကပျံ့နေပြီ....ကော့မန့်တွေမှာတော့....ဆရာတို့ကိုချက်ချင်းအရေးယူပေးဖို့...ဆဲဆိုထားတာတွေကော...ရဲဌာနနဲ့ သစ်တောဌာနက ဘာထိုင်လုပ်နေကြတာလဲနဲ့....စုံနေအောင် ဆဲထားကြတာဗျာ....ကျွန်တော့်အထင်တော့ ဒီနေ့
နေ့တောင်ကူးမှာမဟုတ်လောက်ဘူး...ဒီကိစ္စကြီးက တောမီးလောင်သလို ဖြစ်ပြီး ဆရာတို့ကိုအပူလာဟပ်လိမ့်မယ်နော်...."

"ကိုအဂ္ဂ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ....
သက်ဆိုင်ရာဌာနတွေက လာဖမ်းဆီးရင် ဒုက္ခပဲနော်...."

"ဟုတ်တယ်....ဒီကိစ္စရဲ့နောက်ကွယ်မှာ အကောင်ကြီးကြီးတစ်ယောက်ရှိနေလောက်မယ်....သတင်းမှာ အမည်မဖော်လိုသူ  စီးပွားရေးလုပ်ငန်းရှင်လို့ ပြောသွားတယ်နော်...."

"ဟုတ်တယ်...ဒါဒေ၀ပဲဖြစ်လိမ့်မယ်....ခင်ဗျားကို အစတည်းက သွားမပတ်သတ်ပါနဲ့လို့ ပြောခဲ့ရဲ့သားနဲ့...အခုဘယ့်နှယ့်လုပ်ကြမလဲ ကျုပ်တို့အားလုံး ထောင်ကျမဲ့ကိန်းနော်....ဟိုကနိုင်ငံတကာနဲ့ ယှဉ်တွဲပြီး အလုပ်လုပ်နေတဲ့ကောင်....အခုတော့ကောင်းရော နေ့တစ်၀က်တည်းနဲ့ ကျုပ်တို့ကို မြန်မာသိအောင် လုပ်ပေးလိုက်ပြီ...."

"ဒီကောင့်ကို ကြည့်ရတာ ကြိုတင်ကြံစည်ပြီး တစ်ချိန်တည်းမှာ သတင်းပြန့်အောင် လုပ်ချလိုက်တာပဲ....."

"ခင်ဗျားတို့ကလည်းဗျာ....ကျုပ်လည်းစိတ်ညစ်နေတာပါ....အကြံဉာဏ်ပေးမယ်တော့မရှိကြဘူး...."

"ဟာ....ဒီမှာသတင်းတစ်ခုတက်လာပြီ...."

ဟိန်းသစ်က တက်လာသမျှသတင်းတွေကိုအဆက်မပြတ်ကြည့်နေရင်းနှင့် အသံအကျယ်ကြီးနှင့် ထအော်လိုက်တာကြောင့် ဦးအဂ္ဂတို့ အုပ်စုတွေလည်း လက်ပ်တော့ကို ဝိုင်းအုံကြည့်လိုက်ကြလေသည်။

သတင်းစာမျက်နှာမှာ ရေးထားတာကတော့ သုန္နကရိုးမမှ သစ်ခိုး‌ထုတ်သော အဖွဲ့ကို လက်ထောက်ချအရေးယူဖို့ တောင်းဆိုလိုက်သူမှာ "သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တွင် မကြာသောအချိန်ကာလက ရန်ပုံငွေအများ  ဆုံးထည့်သွင်းထားသည့် နိုင်ငံခြားမှ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေကို လာမဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံဆီသို့ ဦးတည်လာတော့ မည့်ပုဂ္ဂိုလ်ပါ"ဆိုသည့် စာတန်းအဆုံးမှာ အားလုံး တစ်ယောက်မျက်နှာကို တစ်ယောက်ပြိုင်တူ ကြည့်လိုက်မိကြလေသည်။

"ကျုပ်တော့ အခုတည်းကရှောင်နေတော့မယ်....

အိမ်ကိုပြန်ပြီ...."

"ကျုပ်လည်း  တစ်‌နေရာမှာ သွားရှောင်နေမှ ဖြစ်တော့မယ်...."

တစ်ယောက်ပြီးတစ်ယောက် အစည်းအဝေးခန်းထဲကနေ ထွက်ခွာသွားကြပြီးနောက်မှာတော့ ဦးအဂ္ဂရဲ့စိတ်တွေက ဘယ်လိုမှထိန်းလို့မရတော့ပေ။

ဒီအတိုင်းဆိုရင် မကြာခင်မှာတရုတ်ကုန်သည်တွေကလည်း ဒီကိစ္စကို သိသွားပြီးနားပူနားဆာ လာလုပ်ကြတော့မှာ သေချာတယ်။

ဘေးနားက အတွင်းရေးမှူး ဟိန်းသစ်ကတော့
လက်ပ်တော့ တစ်ခုနဲ့တိုင်ပတ်နေလေသည်။
ဒီကောင့်ကိုပါ ကြည့်မရဖြစ်လာတာကြောင့်
လက်ပ်တော့ကို ဆွဲယူပြီး ကိုင်ပေါက်ပစ်လိုက်သည်။

"ဟာ..ဆရာ့...အဲ့ဒါကျွန်တော့် လက်ပ်တော့လေဗျာ.."

"မင်းရဲ့ သောက်ပေါက်ကို ရှိတာနဲ့ပိတ်ထားလိုက်...."

ဦးအဂ္ဂလည်း ဟိန်းသစ်ကို ဖိဟောက်ခဲ့လိုက်ကာ  အစည်းအဝေးခန်းထဲမှထွက်ခဲ့လိုက်သည်။ကားဆီသို့ အမြန်သွားလိုက်ပြီး  ဒါရိုက်ဘာကိုတောင် ခေါ်မနေတော့ပဲ အဂ္ဂမဟာ စံအိမ်သို့သာ တန်းပြီးမောင်းသွားလိုက်သည်။

ဒီအတိုင်းဆိုရင် ဟိုကောင့်ရဲ့ ဖိအားကမသေးတာကြောင့် မကြာခင်အချိန်မှာ ကိုယ်ကျွေးမွေးထားတဲ့ ကောင်တွေကလည်း လက်ထိတ်လာခတ်သွားနိုင်တယ်။အချိန်ရှိတုန်း ပြေးထားမှဖြစ်လိမ့်မည်။မဟုတ်ရင်တော့ ဒုက္ခရောက်သွားလိမ့်မယ်။သူ့ရင်ထဲမှာ ကြိမ်ဆဲနေမိတဲ့ လူကတော့ သူတောင်းစားဒေ၀ကိုပဲ။

"ဒေ၀...‌ဒေ၀....မင်းငါ့ကိုဒီလို လုပ်ရဲတယ်ပေါ့....."

"တီ!!!!!တီ!!!!!"

ဒေ၀ကို ကြိမ်ဆဲနေမိရင်းနှင့် အိမ်ရှေ့ရောက်လာသည်မို့ ဟွန်းကိုဖိတီးလိုက်ရာ ဂိတ်စောင့်တဲ့ကောင်ထွက်လာပြီး တံခါးလာဖွင့်ပေးလေသည်။

ကိုယ့်အကြံနဲ့ကိုယ်မို့ ကားကို အိမ်ရှေ့မှာပဲ ရပ်ထားခဲ့လိုက်သည်။

"ဟေ့ကောင်....တံခါးမပိတ်နဲ့အုံး....ငါအခုချက်ချင်း ပြန်ထွက်မှာ....."

ခြံထဲသို့ ကားနဲ့မ၀င်တော့ပဲ လမ်းလျှောက်ပြီးပဲ ၀င်လာလိုက်သည်။တစ်သတ်နဲ့တစ်ကိုယ် ကြောက်လန့်နေမိတာဟာ ဒီတစ်ခါပထမဆုံးပါပဲ။

အသက်ကြီးမှ ထောင်ထဲ၀င်ရမယ်ဆိုရင် ပတ်၀န်းကျင်နဲ့ မြို့မျက်နှာဖုံးလို့ သတ်မှတ်ခံထားရတဲ့
ဒီမြို့ကြီးမှာ ဘယ်လို့ရှေ့ဆက်ပြီး ခြေချနိုင်ပါတော့မလဲ။အစောတည်းက မျက်မုန်းကျိုးနေတဲ့လူတွေရဲ့ ဟားစရာလည်းဖြစ်လာတော့မှာပေါ့။

"အစ်ကိုကြီးပြန်လာပြီလား....."

ဧည့်ခန်းမှ ဖြတ်အလျှောက်တွင် ခေါ်သံကြား၍ လှမ်းကြည့်လိုက်မိတော့ ဂန္တ၀င်က သူ့ဆီကို ၀မ်းသာအားရနဲ့ လျှောက်လာလေသည်။ကိုယ့်ဟာကိုယ်တောင် စိတ်ညစ်နေရတဲ့ကြားထဲ ဒီငစားကဘာတွေလာစားအုံးမလဲမသိဘူး။ဒီကောင်ပြောမဲ့စကားတွေကို နားမထောင်ချင်တာကြောင့် အပေါ်ထပ်သို့တက်သည့် လှေကားပေါ်ကို ခပ်မြန်မြန်ပဲ တက်သွားလိုက်သည်။

"အစ်ကိုကြီး....ကျွန်တော်ပြောစရာရှိလို့ ခဏလေးနားထောင်ပေးပါဗျာ...."

"ဟေ့ကောင်....ငါ့ကိုအာရုံလာမစားနဲ့ သွားကွာ...."

ညီဖြစ်သူကို ဥပက္ခာပြုခဲ့လိုက်ပြီး လှေကား‌ထစ်တွေကိုသာ ဆက်တက်နေလိုက်သည်။
ဂန္တ၀င်ကတော့ အနောက်ကနေ တညီးညီးတငြူငြူနဲ့  လိုက်လာလေသည်။

"အစ်ကိုကြီးရယ်....ကျွန်တော့်ကို ကူညီပါဗျာ....
ကျွန်တော့်သမီးလေးကို ဒေ၀ကအခန်းထဲမှာ ပိတ်ထားပြီး ကျွန်တော်ကိုလည်း မောင်းထုတ်လိုက်တယ်...ကျွန်တော်တို့ သားအဖကို ကူညီပါဗျာ...
တောင်းပန်ပါတယ်....."

"ဟာ....ဒီကောင်ဘာလုပ်တာလဲ...လွှတ်စမ်းကွာ...."

ဦးအဂ္ဂဟာ ဦးဂန္တ၀င်ဆွဲထားသော လက်မောင်းကို အတင်းရုန်းလိုက်တာကြောင့် ဦးဂန္တ၀င်လည်း အနောက်သို့ယိုင်ကျသွားပေမဲ့ ချက်ချင်းပြန်ထိန်းလိုက်နိုင်လေသည်။

သို့ပေမဲ့ ဆင်းရဲချို့တဲ့နေသူဖြစ်တာကြောင့် မျက်နှာချိုသွေးမှရမည်ဆိုသည့်စိတ်နှင့် အတတ်နိုင်ဆုံး စိတ်မဆိုးအောင် နေလိုက်ပါသည်။

"အစ်ကိုကြီး....မင်းပြောတော့ ...ငါနဲ့သမီးလေးကို ရန်ကုန်ကိုသွားဖို့စီစဉ်ပေးမယ်ဆို...မင်းကိုယ့်ဂတိတော့ ကိုယ်တည်ပေးပါကွာ...ငါတောင်းပန်ပါတယ်..."

အပေါ်ထပ်ကိုခြေချမိသည်နှင့် ဦးအဂ္ဂဟာ မဲ့ပြုံးပြုံးလိုက်ပြီး အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

"မင်းကငါ့အပေါ်မှာ ဘာသောက်ကျေးဇူးတွေရှိနေလို့ ငါကမင်းကိုအလကားကူညီရမှာလဲ....ငါခွေးလိုကန်မချခင် ငါ့အိမ်ကနေအခုချက်ချင်းထွက်သွား .."

"အစ်ကိုကြီး...မင်းဘာစကားပြောလိုက်တာလည်း...
မင်းသာငါ့ကို ဒေ၀ရဲ့ပစ္စည်းတွေခိုးပေးဖို့ မပြောခဲ့ရင် ငါ့သမီးလေးလည်း အခန်းထဲမှာ ပိတ်ထားခံရမှာမဟုတ်သလို ငါလည်းမောင်းထုတ်ခံရမှာမဟုတ်ဘူးကွ....."

"ဒီမှာဂန္တ၀င်...ငါမင်းကိုပေးခဲ့တဲ့အချိန်ကကုန်သွားပြီ....အခုတော့ ငါဘာမှလုပ်မပေးနိုင်တော့ဘူး...
သွားတော့ကွာ.....သွား!!!!..."

ဦးအဂ္ဂရဲ့ စကားကဦးဂန္တ၀င်ကို ဒေါသစိတ်ပို၍ပြင်းထန်လာစေ‌သည်။ကိုယ်ဂတိပေးပြီး
မတည်နိုင်တဲ့ကောင် မင်းကြောင့်ငါ့ဘ၀ပြတ်ရတာ။
မင်းကို အ‌ သေသ တ်ပစ်မယ်။မင်းသေရမယ်။

"အာ့......အစ်လ်.....ဂန်...ဂန္တ၀င်....မင်းဘာလုပ်တာလဲ...အာ့...ငါ့လည်ပင်းကိုမညှစ်နဲ့....အာ့...."

ဦးအဂ္ဂ၏လည်ပင်းထက်မှာ အားပါပါနဲ့ ဖိညှစ်နေသောဦးဂန္တ၀င်ရဲ့ လက်တွေဟာ ပိုမိုတင်းကြပ်လာသည်နှင့် ဦးအဂ္ဂဟာ အသက်ရှူရပ်ချင်လောက်အောင် နာကျင်လာလေသည်။မျက်နှာကြောကြီးတစ်ခုလုံးလည်း တင်းကြပ်ပြီး နီရဲတွတ်လာသည့်နည်းတူ သူ့လက်တွေကလည်း ဂန္တ၀င်၏လည်ပင်းကို ပြန်ညှစ်နေမိသည်။

ဂန္တ၀င်က သူ့ထက်အကောင်သေးတာကြောင့်
သူတုန့်ပြန်လိုက်တဲ့ အခါ လက်ကအားလျှော့သွားလေသည်။ သို့ပေမဲ့ လွတ်ပေးခြင်းမရှိတာကြောင့် ခြေထောက်ကို မြှောက်လိုက်ပြီး ဂန္တ၀င်ရဲ့ ရင်ဘတ်ကို ဆောင့်ကန်ပစ်လိုက်သည်။

"အား!!!!!!!......"

"ဒုန်း!!!!ဒုန်း!!!!!ဒုန်း!!!!!"

"ဂန္တ၀င်!!!!!"

လက်ကို ဆန့်တန်းပြီး လှေကားထိပ်မှ အသံအကျယ်ကြီးနှင့် လှမ်းခေါ်လိုက်ပေမဲ့ နောက်ကျသွားခဲ့လေပြီ။ဦးဂန္တ၀င်ဟာ လှေကားပေါ်ကနေ လှိမ့်ကျသွားပြီး အောက်ခြေမှ ကြွေပြားခင်းထားသော ကြမ်းပြင်နှင့် ခေါင်း ဆောင့်မိသွားတာကြောင့် သွေး အိုင်တွေကြားထဲတွင်လဲနေလေသည်။

လှေကားထစ်တွေအတိုင်း အောက်သို့အမြန်ဆင်းသွားပြီး ဂန္တ၀င်ကို လှုပ်နှိုးကြည့်လိုက်တော့ သတိလည်မလာတော့ပေ။

"မဖြစ်နိုင်ဘူး....ဂန္တ၀င်....ငါ....ငါတမင်ရည်ရွယ်တာမဟုတ်ပါဘူးကွာ....ညီလေး....ညီလေး....မင်းထပါအုံးကွာ....ဂန္တ၀င်....ညီလေး....ဟာ....."

အံ့ဩထိတ်လန့်ခြင်းတွေနှင့်အတူ သူအနောက်သို့ ဖင်ထိုင်လျှက်ထိုင်ကျသွားလေသည်။သူ့လက်မှာလည်း ဂန္တ၀င်ရဲ့ ဦးခေါင်းမှ သွေးတွေ ရဲရဲ‌နီနေလေပြီ။နှာခေါင်းအပေါက်၀မှာ လက်ကိုတေ့ကြည့်လိုက်တော့လည်း အသက်ရှူနေတာကို မခံစားမိတော့ဘူး။ဂန္တ၀င် သေ သွားပြီပေါ့။ငါ့လက်နဲ့ ကိုယ်တိုင် ငါ့ညီအရင်းကို သတ်လိုက်မိပြီ။

"ဆရာတို့ရယ်.....ကျုပ်တောင်းပန်ပါတယ်....
ဆရာအဂ္ဂဆီကနေ ....တွေ့ခွင့်ပေးတော့မှပဲ....တွေ့ကြပါလား...."

"ကျုပ်တို့ကတွေ့ဖို့လာတာမဟုတ်ဘူး....ဖမ်း၀ရမ်းနဲ့လာတာဗျ.....ဟိုမှာဦးအဂ္ဂမဟုတ်လား....."

ဦးအဂ္ဂဟာ ညီဖြစ်သူရဲ့ အလောင်ဘေးတွင် ငူငူကြီးထိုင်နေမိရာမှ အသံကြားရာသို့လှည့်ကြည့်လိုက်တော့ ရဲ၀တ်စုံယူနီဖောင်း အပြည့်၀တ်ထားသော လူတွေဟာ သူ့ကိုဆိုက်ကြည့်နေကြလေသည်။

သူမဲ့ပစ်လိုက်ပြီး ညီဖြစ်သူရဲ့ ရုပ်အလောင်းထံသို့ မျက်နှာပြန်မူလိုက်သည်။

"လက်ထိပ်ခတ်လိုက်....."

သူ့လက်တွေပေါ်ကို လက်ထိပ်လာခတ်လိုက်ကြသည့်အချိန်မှာ သူမရုန်းမိပေ။သူ့စိတ်ထဲမှာ ယူကြုံးမရစွာတွေးနေမိတာ တစ်ခုကတော့

"ငါသာ အစ်ကိုမောင်ကြီးကို သ တ်မပစ်ခဲ့ရင် ဒီလိုကိစ္စတွေဖြစ်လာမှာ မဟုတ်ဘူး" ဒေ၀မင်းသိပ်တော်ပါတယ်။ငါ့ရဲ့ နေ၀င်ချိန်က မင်းလက်ထဲမှာဖြစ်သွားပါပြီ။

အခန်း၅၅ ဆက်ရန်....

🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကံကံ၏ အကျိုးဆိုတာနော် အကျိုးအမြတ်ပိုကြီးကြီးကို မတရားလိုချင်လေ ပြန်ပေးဆပ်ရတဲ့အခါ
ပိုများများပြန်ပေးဆပ်ရလေပဲ....ဒေ၀ကတော့ တစ်နိုင်ငံလုံးကို သူတို့ရဲ့ချစ်စရာမျက်နှာလေးတွေ
ပတ်ပြလိုက်တာ....

ဖြူလုံးကတော့🥺

#စာရေးသူ_ဆောင်း‌ငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများpageမှတင်ဆက်သည်
#ဘီလူးနမ်းသောအရိုင်းပန်း

=========================================================================

အခန်း၅၅
                 ဘီဘူးနမ်းသော အရိုင်းပန်း


"သမီးလေး...သမီးလေးရေ...ထတော့...အဖေတို့ ဒီကနေ ထွက်ပြေးကြရအောင်...."

ဖြူလုံးရဲ့ လက်ကို လာဆွဲတဲ့အဖေ့ရဲ့ လက်တွေဟာ ရေခဲတုံးအလား ထင်ရလောက်အောင် အေးစက်နေသည်။အဖေ့ရဲ့ မျက်နှာကလည်း ဖြူဖက်ဖြူရော်နဲ့ အသက်မဲ့နေသည့်အလား ထင်မှတ်ရသည်။

"အဖေ....သမီးတို့ဘယ်ကို ထွက်ပြေးရမှာလဲ....သမီးတို့မှာ သွားစရာနေရာလည်း မရှိပဲနဲ့အဖေရယ်...သမီးဘယ်မှ မသွားပါရစေနဲ့....."

ဖြူလုံးငိုပြီး ပြောတော့ ဖေဖေ့မျက်၀န်းတွေမှာလည်း မျက်ရည်တွေပြည့်လာသည်။အဖေသိပ်ကို ၀မ်းနည်းသွားတာပါလား။ အဖေ့ရဲ့ မျက်နှာဟာ အင်မတန်စိတ်ဓာတ်ကျသွားပုံပေါ်နေလေသည်။

"သမီးလေး....အဖေအရင်က သမီးအပေါ်ကိုဖခင်တာ၀န်မကျေခဲ့မိဘူး....အဖေတောင်းပန်ပါတယ်နော်...ဂုဏ်ကိုမက်၊စည်းစိမ်ကိုမက်ခဲ့ပြီး...ကိုယ့်အပေါ်ကို စစ်မှန်ပေးခဲ့တဲ့မေတ္တာတရားတွေကို အဖေ လျစ်လျှူရှုခဲ့မိတယ်....အဖေသိပ်မှားခဲ့တယ်သမီးရယ်..."

"တောင်းပန်စရာမလိုပါဘူးအဖေရယ်....သမီးနားလည်ပါတယ်....တကယ်တော့သမီးလည်း
အရင်ကအဖေ့အပေါ်ကို အထင်အမြင်လွှဲခဲ့မိတာတွေအတွက် သမီးလည်း တောင်းပန်ပါတယ်နော်...."

အဖေ့ကို ဖြူလုံးတည့်တည့်ကြည့်ပြီးပြောမိတော့ အဖေက သူ့ရဲ့အေးစက်နေသည့် လက်တွေနဲ့ ဖြူလုံးရဲ့ လက်ဖဝါးလေးတွေကို အုပ်ကိုင်လိုက်လေသည်။အဖေ့ရဲ့ ပါးပြင်မှာလည်း မျက်ရည်တွေ အဆက်မပြတ်စီးကျနေသည်။

"သမီးလေး....အခုအချိန်မှာ အဖေစိတ်အပူဆုံးက သမီးလေးကို ဒီလောကကြီးထဲမှာ တစ်ယောက်ထဲ ချန်ထားရစ်ခဲ့ရမှာကိုပဲ....အဖေသမီးကို စိတ်မချဘူး....အဖေ့ရဲ့ ခန္ဓာကိုယ်ကြီးအသက်မဲ့သွားရင်တောင် အဖေသမီးရဲ့ဘေးနားမှာပဲ....ဝိဉာဉ်အဖြစ်နဲ့ ရှိနေမှာပါ....ဘယ်ဘ၀မျိုးပဲရောက်ရောက်အဖေသမီးကို အမြဲစောင့်ရှောက်ပေးမယ်...."

"အဖေရယ်...ဘာတွေပြောနေတာလဲ...နမိတ်မရှိတာတွေ မပြောပါနဲ့အဖေရယ်....သမီးကလေ...အဖေနဲ့အမြဲအတူနေမှာ ဘယ်တော့မှမခွဲဘူး....သမီးက
အဖေ့ကို တစ်လှည့်ပြန်ပြီး လုပ်ကျွေးအုံးမှာ နောက်ဆိုရင် အဖေဘာမှလုပ်စရာမလိုတော့ဘူး....သမီးကသာ အဖေ့ကို ပြန်ရှာကျွေးမှာ...."

ဖြူလုံးရဲ့ စကားကိုကြားတော့ အဖေ့နှုတ်ခမ်းတွေ ပြုံးတက်‌သွားလေသည်။အဖေက ခေါင်းလေးကို လာပုတ်တော့ ဖြူလုံးလည်း ပြုံးပြီး မျက်လုံးတွေကို မှိတ်ချလိုက်မိသည်။မျက်လုံးတွေကို ပြန်ဖွင့်လိုက်တော့ အဖေကရှိမနေတော့ဘူး။

"အဖေဘယ်ရောက်သွားတာလဲ...."

အခန်းတစ်ခုလုံးကို ဝေ့ဝဲပြီး လိုက်ကြည့်နေမိပေမဲ့ အဖေ့ရဲ့အရိပ်အယောင်ကို လုံး၀မတွေ့ရဘူး။
ဖြူလုံးရဲ့ စိတ်ထဲမှာ ရုတ်တရက်အရမ်းကို လေးလံလာတယ်။အိပ်ခန်းတံခါးကလည်း ပွင့်နေတာကြောင့် အလျှင်အမြန်ပဲ အခန်းအပြင်ကိုထွက်လိုက်မိတယ်။အခန်းတွေတစ်ခုပြီးတစ်ခုကို ဖြတ်လျှောက်လာပေမဲ့ အခြားလူတွေရဲ့ အရိပ်အယောင်ကို လုံး၀မတွေ့ရဘူး။

‌လှေကားထစ်တွေ တစ်ထစ်ပြီးတစ်ထစ်ဖြတ်ကျော်လာပြီးနောက် အောက်ထပ်ကိုရောက်တော့ အရင်ကအခန်းအဟောင်းလေးမှာ အဖေများရှိနေမလားဆိုတဲ့အတွေးနဲ့ တံခါးကိုတွန်းကြည့်လိုက်မိသည်။

"ဘာကြီးလဲ...."

အခန်းရဲ့အလည်တည့်တည့်မှာ ရှိနေတာက ‌
ခေါင်းတလားကြီးတစ်ခု။ဖြူလုံးတို့နေတဲ့ အခန်းထဲမှာ ဒီအခေါင်းကြီးက ဘယ်လိုဖြစ်ပြီးရောက်လာရတာလဲ။အဖေရော။အဖေကဘယ်ကိုရောက်နေတာလဲ။

အတွေးပေါင်းများစွားက အာရုံကိုလာထိခတ်နေသည့်နည်းတူ ခြေလှမ်းတွေကလည်း တဖြည်းဖြည်းအရှေ့ကိုတိုးနေမိလေသည်။ အခေါင်းနားကို နီးကပ်လာလေ ဖြူလုံးရဲ့ နှလုံးသားမှ တုန်ခါလာမှုကလည်း ပြင်းထန်လာလေပါပဲ။အခေါင်းနားကို ရောက်တဲ့ အချိန်မှာ တွေ့လိုက်ရတဲ့မြင်ကွင်းက ဖြူလုံးကို တုန်လှုပ်သွားစေလေသည်။

"အဖေ.....မဖြစ်နိုင်ဘူး.....အဖေ့.....အဖေသမီးကို
မ‌နောက်ပါနဲ့နော်...အဖေ....အဖေ့...."

အခေါင်းထဲမှာ အသက်မဲ့စွာလဲလျောင်းနေသော
အဖေ့မျက်နှာကို စမ်းကြည့်လိုက်တော့ အေးစက်နေတဲ့အထိအတွေ့က ဖြူလုံးရဲ့နှလုံးသားတွေပါ
ထုံကျင်သွားစေသည်။

အသက်ရှူသံ‌ေတွ ပြင်းလွန်းလို့ ရင်ထဲမှာ အရမ်းမောဟိုက်နေသည်။အသံအကျယ်ကြီးနဲ့ အော်ဟေ့ငိုကျွေးလိုက်ချင်ပေမဲ့ အသံတွေကထွက်မလာခဲ့ဘူး။မဖြစ်နိုင်ဘူး။အဖေ ခုဏကပဲ ဖြူလုံးနဲ့ စကားပြောနေတာမဟုတ်ဘူးလား။

အဖေမရှိတော့ရင်။သမီးရဲ့ ဘ၀ကြီးလဲပြိုသွားရလိမ့်မယ်။မဖြစ်နိုင်ဘူး။ဖြူလုံးအဖေ့ကို လှုပ်နှိုးနေမိသည်။ဘယ်လောက်ရူးမိုက်တဲ့ လုပ်ရပ်လဲ။ ဒါပေမဲ့ ဖြူလုံးထပ်ပြီးတော့ ကြိုးစားနေမိပြန်တယ်။

"အဖေ....အဖေ့!!!!!!!!!"

ခေါင်းအုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး မျက်လုံးတွေကို အားကုန်သုံးပြီး ဖွင့်ကြည့်လိုက်မိလေသည်။

"ငါအိပ်မက်...မက်နေတာပဲ....."

ခေါင်းအုံးမှာလည်း မျက်ရည်တွေစိုရွှဲနေတာကြောင့် မွေ့ယာပေါ်မှထထိုင်လိုက်မိသည်။ဘယ်လိုအိပ်မက်ကြီးပါလိမ့်။ ရင်ထဲမှာ အခုထိတုန်ယင်နေတုန်းပဲ။နေ့ခင်းဘက်ကြီးကို အိပ်မက်လာမက်နေတယ်
 
"အရှင်ဘုရား....တပည့်တော်မရဲ့အဖေ...ဘေးမသီရန်မခပါစေနဲ့...အဖေကျမ်းမာပါစေ....အဖေနဲ့လည်းအမြန်ဆုံးတွေ့ရပါစေ အရှင်ဘုရား...."

"ကျွီ......"

အခန်းတံခါးပွင့်လာ၍ ကြည့်လိုက်မိတော့
မဆင်ပေါက်က ထမင်းချိုင့်ကို ခုံပေါ်မှာတင်လိုက်ပြီး ဖြူလုံးဘက်သို့ မသိမသာလေးခိုးကြည့်နေလေသည်။မဆင်ပေါက်က အခန်းထဲကနေ ပြန်ထွက်ဖို့လုပ်တော့ ဖြူလုံးလည်းကုတင်ပေါ်ကနေ အမြန်ပြေးဆင်းပြီး မဆင်ပေါက်ရဲ့လက်ကို လှမ်းဆွဲလိုက်မိသည်။

"မဆင်ပေါက်....သမီးတစ်ခုလောက်မေးချင်လို့...."

"ဘာ....ဘာမေးမလို့လဲ...ဖြူလုံးရဲ့...အန်တီနှင်းမြတ်က ဖြူလုံးကိုဘာမှမပြောရဘူးလို့ မှာခဲ့တယ်..."

"ဘယ်လို....မဆင်ပေါက်စကားကြီးကလည်း သမီးမေးမဲ့ဟာကို ကြိုသိနေသလိုကြီး....သမီးမေးမှာက အဖေအဆင်ပြေရဲ့လားဆိုတာပါပဲ..."

"ဟင်....."

ဖြူလုံးရဲ့ မေးခွန်းကြောင့် မဆင်ပေါက်ရဲ့မျက်နှာကြီးက ရုတ်တရက်ရှုံ့တွသွားပြီး မျက်လုံးတွေကလည်း ဂဏှာမငြိမ်သလို ဖြစ်လာသည်။

"မဆင်ပေါက်...ဖြူလုံးမေးနေတာ ဖြေအုံးလေ..."

"ဖြူလုံး....အစ်မအမှန်အတိုင်းပြောမယ်နော်...အခုကိစ္စကလည်း ဖြူလုံးသိသင့်တယ်ထင်လို့ပါ.....
ဆရာ‌ဒေ၀...မနေ့ကပဲရန်ကုန်ကနေဖုန်းလှမ်းဆက်တယ်... အန်တီနှင်းမြတ်ကနေတစ်ဆင့် ဒီကိစ္စကိုမပြောပါနဲ့တဲ့....ဖြူလုံးကို၀မ်းမနည်းစေချင်လို့
မပြောသေးနဲ့အုံးလို့ မှာထားပေမဲ့....အစ်မကတော့ ဖြူလုံးကိုသိစေချင်တယ်ကွယ်....မဟုတ်ရင် ပိုခံစားရလိမ့်မယ်...."

"အဟင်း....မဆင်ပေါက်ရယ် ဘာတွေစကားပုလ္လင်ခံနေရတာလဲ.‌...ပြောစရာရှိတာအမြန်ပြောလိုက်ပြီးရောကို...."

မဆင်ပေါက်ဟာ သက်ပြင်းအရှည်ကြီးတစ်ချက်ချပြီး ပြောလိုက်သည်က....

"ဖြူလုံးရဲ့အဖေ မနေ့ကပဲဆုံးပြီ....."

"ဘာ...."

မဆင်ပေါက်ရဲ့ စကားကဖြူလုံးကို အနောက်သို့ဆောင့်တွန်းလိုက်သလို ဖြစ်သွားတာကြောင့် အလိုလို အနောက်သို့ ခြေလှမ်းဆုပ်မိသွားသည်။
လက်တွေ ၊ခြေတွေတောင် မခိုင်တော့လောက်အောင် တုန်တက်လာပြီး မဆင်ပေါက်ကို မျက်ရည်ရစ်ဝိုင်းနေသည့် မျက်၀န်းတွေနဲ့ ကြည့်လိုက်မိသည်။

"လွန်ခဲ့တဲ့ နာရီ၀က်လောက်ကပဲ အခေါင်းကိုသင်္ဂြိုလ်စက်ဆီသယ်သွားကြပြီ.....ဒေါ်နှင်းမြတ်တို့လည်း အသုဘကိုလိုက်သွားကြတယ်...."

"မဆင်ပေါက်ရေ အပြင်အမြန်ထွက်ခဲ့တော့ ဒီနေ့ဆရာပြန်လာမှာ မီးဖိုခန်းထဲမှာ လာကူအုံး...."

"အစ်မသွားပြီနော်...."

"ဟင့်အင်း.....မဆင်ပေါက်....."

"ဒုန်း!!!!!"

"မဆင်ပေါက်....ဒုန်း!!!!ဒုန်း!!!!သမီးကိုတံခါးဖွင့်ပေးပါ....သမီးအဖေနဲ့တွေ့ချင်တယ်....သမီးကိုတံခါးဖွင့်ပေးကြပါ....ဒုန်း!!!ဒုန်း!!!!သမီးကိုတံခါးဖွင့်ပေးကြပါ
သမီးတောင်းပန်ပါတယ်....တံခါးဖွင့်ပေးကြပါ...
ဒုန်း!!!!ဒုန်း!!!!ဒုန်း!!!!!"

ကျွန်းတံခါးကြီးကို ထုရလွန်းလို့ လက်ဆစ်တွေ
မှာ နာကျင်၊ပွန်းပဲ့ရာတွေ ဖြစ်လာပေမဲ့ ဖြူလုံးဆက်ထုမိနေတုန်းပဲ။ဖေဖေ့ကို ဖြူလုံးတွေ့ချင်တယ် ။
ဟိုနေ့ကတင် အကောင်းကြီးရှိနေသေးတာကို ချက်ချင်းကြီးဘာလို့ ဒီလိုဖြစ်သွားရတာလဲ။
ဒါမှမဟုတ် ကိုကြီးရဲ့ ပယောဃကြောင့်များလား။ဖြစ်နိုင်တယ်။
သူ့ ဒိုင်ယာရီစာအုပ်ထဲမှာ ရေးထားခဲ့တဲ့ပုံစံအရဆိုရင် အဖေ့ကို သေ စေတာ ကိုကြီးရဲ့ပယောဃမကင်းလောက်ဘူး။

"အဖေ....အဟင့်...သမီးကိုထားခဲ့ပြီပေါ့.....သမီးဘ၀မှာ အဖေတစ်ယောက်ထဲပဲ....ရှိတော့တာလေ....
တကယ်ကို ဘ၀ဆိုးလိုက်တာအဖေရယ်...အဖေ့ရဲ့နောက်ဆုံးရုပ်အလောင်းကိုတောင် မြင်ခွင့်မရဘူး...
သမီးအဖြစ်က အရမ်းဆိုးတာပဲ....ဘယ်လိုပဲဖြစ်ဖြစ် သမီးအဖေ့ကို တွေ့ရမှဖြစ်မယ်..."

စိတ်ကိုယတိပြတ်ဆုံးဖြတ်လိုက်ပြီးနောက်  အခန်းထဲမှာရှိတဲ့ အိပ်ယာအခင်း၊စောင်တွေနဲ့ လိုက်ကာတွေကိုပါ ဆွဲဖြုတ်ပစ်လိုက်ပြီး အကုန်လုံးကို တွဲချည်ပစ်လိုက်သည်။လသာဆောင်ဘက်မှ တံခါးကိုဆွဲဖွင့်လိုက်ပြီးနောက်  လက်ရန်းမှာ စောင်ကို ထုံးပြီး ချည်လိုက်သည်။အခုချိန် အိမ်အလုပ်သမားတစ်၀က်လောက်ကလဲ အသုဘလိုက်ပို့နေတာ သေချာသလောက်ရှိတာမို့ ခြံထဲမှာ လူရှင်းနေလေသည်။

စိတ်တွေအရမ်းလှုပ်ရှားနေပေမဲ့ အတတ်နိုင်ဆုံးထိန်းချုပ်လိုက်ပြီး အ၀တ်စကို သေချာဆုပ်ကိုင်ပြီး ၀ရံတာ လက်ရန်းကို ခွကျော်ပစ်လိုက်သည်။
အောက်ကို တဖြည်းဖြည်းလျောဆင်းလိုက်တိုင်း အ၀တ်စတန်းကြီးက တုန်တုန်သွားတာကြောင့် ငိုချင်စိတ်တွေပါ ဖြစ်လာသည်။ဒါပေမဲ့ ခရီးကအလည်လောက်ကို ရောက်နေပြီမို့ ဆက်ပြီးသာဆင်းလိုက်သည်။

"အာ့!!!!!!"

အောက်ကို ခုန်ချလိုက်တော့ နဂိုဒဏ်ရာဟောင်းက နဲနဲပြန်နာသွားလေသည်။ သို့ပေမဲ့ ရင်ထဲကအနာကပို နက်နဲတာကြောင့် ခြေထောက်ဒဏ်ရာကို မှုမနေပဲ ဖိနပ်မပါသော ခြေထောက်ပြောင်နှင့်ပင် ခြံ၀န်း၏ အနောက်ဘက်သို့ ပြေးသွားမိသည်။ လက်ပံပင်တန်းကို ဖြတ်လျောက်လာပြီးနောက် သစ်ကိုင်းခြောက်တွေ ၊သစ်ရွက်ခြောက်တွေ ထူသော သရက်ပင်တန်းကို ဖြတ်လျှောက်လိုက်သည်။
ပြီးနောက် ဖြူလုံးသွားနေမိတာကတော့ ခွေးတိုးပေါက်တည်ရှိသော နေရာကိုပေါ့။

ခွေးတိုးပေါက်ကနေ ခြံအပြင်ကိုထွက်လိုက်ပြီးနောက် ခြေထောက်ကို ကြည့်လိုက်တော့ ငုတ်စူး၍ သွေးစအနည်းငယ် ထွက်နေလေသည်။
ထိုဒဏ်ရာကိုလည်း ဂရုစိုက်မနေတော့ပဲ ဘုန်းကြီးကျောင်းရဲ့ မျက်နှာချင်းဆိုင်တွင်ရှိသော
မီးသင်္ဂြိုလ်စက်ဆီသို့သာ အပြေးနှင်နေမိလေသည်။
ဖြူလုံးဆုတောင်းနေမိသည်က အဖေ့ရဲ့အလောင်းကို နောက်ဆုံးအနေနဲ့ တစ်မိနစ်လောက်လေးဖြစ်ဖြစ် တွေ့ခွင့်ရချင်တာပါပဲ။

"တီ!!!!....တီ!!!! "

အနောက်က ကားဟွန်းတီးသံကြောင့် လမ်းအ‌လည်ခေါင်မှာ ပြေးနေမိရာမှ လမ်းဘေးသို့ ကပ်ပေးလိုက်သည်။ရောက်ချင်ဇောတွေ ဘယ်လောက်ကြီးနေသလဲဆိုရင် ဘုန်းကြီးကျောင်းနားရောက်လို့ ရောက်မှန်းပင် သတိမထားလိုက်မိပေ။

"တူ....ဝေ....ဝေ....."

ကြေးစည်တီးလိုက်သံနှင့်အတူ မီးသင်္ဂြိုလ်စက်ထားသည့် ခြံအ၀မှာတင် ဖြူလုံးရဲ့ခြေလှမ်းတွေ ရပ်တန့်သွားလေသည်။အပေါ်ကို မော့ကြည့်လိုက်တော့ မီးခိုးခေါင်းတိုင်မှ မီးခိုးတွေထွက်လာလေပြီ။
ရင်ထဲမှာ စို့တက်လာတဲ့ခံစားချက်နဲ့အတူ ရှိုက်ကြီးတငင်ငိုမိပါသည်။

"အဖေ့!!!!!!.....အဖေရယ်....သမီးအဖေ့ကိုကန်တော့ခွင့်တောင်မရလိုက်ပါလား...."

ထိုနေရာမှာတင် မြေကြီးအပေါ်ကို ဒူးထောက်လိုက်ပြီး အဖေ့ကိုရည်မှန်းပြီး ကန်တော့လိုက်သည်။
ခြံ၀န်းထဲကို လှမ်းကြည့်လိုက်မိတော့ ဒေါ်နှင်းမြတ်နဲ့အတူ အသုဘပို့တဲ့လူတွေ ပြန်ထွက်လာတာကို တွေ့လိုက်တာကြောင့် အမြန်ထပြီး သစ်ပင်အကွယ်မှာ သွားပုန်းနေလိုက်သည်။

"ဟဲ့...ငါခုဏက ဒီနေရာမှာ ဖြူလုံးကိုတွေ့လိုက်သလိုပဲ...."

"မဟုတ်ပါဘူး...ကျွန်မတော့ မတွေ့မိပါဘူး...အမြင်မှားတာနေမှာပါတော်....."

"အင်း....ဖြူလုံးကဒီကို ဘယ်လိုလိုက်လာနိုင်မှာလဲနော်....လာဟယ်....သွားကြမယ်...အလုပ်တွေက ရှိသေးတယ်....."

ဒေါ်နှင်းမြတ်နဲ့ အခြားအဒေါ်ကြီးတစ်ယောက်ဟာ ပတ်၀န်းကျင်ကို ဝေ့ဝဲကြည့်လိုက်ကြပြီးနောက် ထိုနေရာမှ ထွက်သွားကြလေသည်။သူတို့ထွက်သွားကြသည်နှင့် ဖြူလုံးလည်း သစ်ပင်ကြီးရဲ့အနောက်မှ ထွက်လာလိုက်သည်။

"ဖြူလုံး!!!!!"

"အမယ်လေး!!!!!!"

"ဟာ....ဦး...ဦးပါ....ထက်ရှိုင်းလေ...."

အနောက်ကနေ ပခုံးကိုလှမ်းပုတ်လိုက်တော့ လန့်ပြီး ထအော်မိရာမှာ အသံကြားလို့မော့ကြည့်လိုက်တော့ ဦးထက်ရှိုင်းဝေဖြစ်နေသည်။သူကဘယ်လို ဖြစ်ပြီးရောက်လာရတာလဲ။

"ဖြူလုံး....ငိုနေတာလား....ဟင်....ခြေထောက်မှာလည်း ဖိနပ်မပါပါလား..."

ဖြူလုံးရဲ့ ခြေထောက်ကို ငုံ့ကြည့်နေတာကြောင့် စိတ်ထဲမှာ မလုံသလိုဖြစ်လာပြီး ‌ခြေချောင်းတွေကို ကုပ်ချလိုက်ရင်း အနောက်သို့ခြေလှမ်းလိုက်သည်။
အခုအချိန်မှာ ဘယ်သူနဲ့မှစကားမပြောချင်တာကြောင့် ဦးထက်ရှိုင်းကိုပါကျောခိုင်းပြီး လှည့်ထွက်လာဖို့ ပြင်လိုက်သည်။

"ဟာ..ဖိနပ်လည်းမပါဘဲ...ဘယ်သွားမလို့လည်း...."

လက်မောင်းကို လှမ်းဆွဲလိုက်တာကြောင့် သူ့ကိုလှည့်ကြည့်လိုက်တော့ သူကလည်းဖြူလုံးကို ဂရုဏာသတ်နေသည့် မျက်၀န်းတွေနဲ့ပြန်ကြည့်လာသည်။

"ဦးမေးနေတာဖြေအုံးလေကွာ....ဖြူလုံးဘယ်ကိုသွားမလို့လဲ...."

"ခြေဦးတည့်ရာ....."

"ဘာ...."

မျက်နှာဟာ အရမ်းကိုတည်ငြိမ်လွန်းပြီး ခံစားချက်မဲ့နေသည့် ကောင်မလေးကြောင့် ထက်ရှိုင်းလည်း အံ့ဩသင့်နေရလေသည်။ဖြူလုံးက အရမ်းယဉ်ကျေးတဲ့ ကလေးပါ အခုတော့ဘာလို့ စကားကို တုံးတိကြီးပြောနေရတာလဲ။ပြီးတော့ သူမရပ်နေတဲ့ နေရာက မီးသင်္ဂြိုလ်စက်ထားတဲ့ ခြံရှေ့မှာဖြစ်နေတယ်။သူမရဲ့ အသိထဲကတစ်ယောက်ယောက်ဆုံးသွားလို့ များလား။

"ဦး...ဖြူလုံးကိုအိမ်ပြန်လိုက်ပို့ပေးမယ်လေ..."

အိမ်ဆိုသည့် စကားကိုကြားတာနဲ့ ဖြူလုံးရဲ့မျက်၀န်းတွေ ချက်ချင်းပြူးကျယ်သွားရသည်။
ဦးထက်ရှိုင်း ဆွဲထားတဲ့ လက်မောင်းကိုလည်း အတင်းရုန်းမိသည်။

"ဟင့်အင်း....သမီးအိမ်ကိုမပြန်ချင်ဘူး...သမီးကိုပြန်မပို့ပါနဲ့ အဖေလည်းဆုံးပြီ...အဲ့ဒီနေရာကို သမီးပြန်မသွားချင်ဘူး...သမီးတောင်းပန်ပါတယ်....
 အဲ့ဒီ့အိမ်ကို ပြန်မပို့ပါနဲ့....ဦးဒေ၀ရဲ့မျက်နှာကို
မမြင်ချင်ဘူး...."

"ဟုတ်ပြီ....ဟုတ်ပြီ....ဖြူလုံး..ဦးကိုဖြစ်ပျက်ခဲ့
တာတွေ အားလုံးပြောပြ...ဒါဆိုရင်....ဦးအနေနဲ့ ဖြူလုံးအတွက် အဖြစ်သင့်ဆုံး ဆောင်ရွက်ပေးမယ်..."

ဦးထက်ရှိုင်းက တည်ငြိမ်တဲ့သွင်ပြင်နဲ့ ပြောလာတာကြောင့် ဖြူလုံးအရာအားလုံးကိုဖွင့်ပြောပြီး အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်မိပါသည်။အဓိကကတော့ ဖြူလုံးဒီမြို့ကနေ ထွက်သွားချင်တယ်။ကိုကြီးနဲ့ ဝေးနိုင်မဲ့ နေရာတစ်ခုဆီကိုပေါ့။

ဒါကြောင့် ဖြူလုံးသာသိသော ဇာတ်လမ်းတစ်ပုဒ်ကို ဦးထက်ရှိုင်းအား ရင်ဖွင့်လိုက်မိလေသည်။
ဦးထက်ရှိုင်းကလည်း ဖြူလုံးပြောသမျှကို ခေါင်း
တညိမ့်ညိမ့်နဲ့ နားထောင်ပြီးနောက် ဖြူလုံးကိုသနားစရာ သတ္တဝါလိုကြည့်လာလေသည်။
ပြီးနောက် ဖြူလုံးကိုလေးနက်စွာကြည့်လာပြီး စကားဆိုသည်။

"ခုဏက ဦးရဲ့ကားရှေ့မှာ ဖြူလုံးပြေးနေလို့ ကားဟွန်းတီးလိုက်သေးတယ်.....ဖြူလုံးမှန်းသိလို့ ဦးကားကို ဟိုနားမှာရပ်ခဲ့ပြီး အနောက်ကနေလိုက်လာခဲ့တာ...."

ဦးထက်ရှိုင်းက ခပ်လှမ်းလှမ်းမှာ ရပ်ထားတဲ့သူ့ရဲ့ကားကို ညွှန်ပြနေလေသည်။

"ဦးထက်ရှိုင်းက ဘယ်ကိုသွားမလို့လဲ...."

"ဦးကရန်ကုန်ကို ပြန်မလို့လေ....ဖြူလုံးသာဦးကိုယုံကြည်ရင် ရန်ကုန်ကိုခေါ်သွားပါရစေ....ဟိုမှာနေဖို့ထိုင်ဖို့ ဦးအားလုံးစီစဉ်ပေးပါ့မယ်....ဟို...ဒီကိစ္စက
ဖြူလုံးကို ချစ်ခွင့်ပန်ထားတာကြောင့်မဟုတ်ဘူးနော်...ကိုယ့်ရဲ့တူမလေးတစ်ယောက်လို ရိုးသားစွာ ကူညီပေးချင်တာပါ...ဟိုမှာ...ဦးပညာဓာနအနေနဲ့ ကျောင်းထားပေးထားတဲ့ ကျောင်းသားလေးတွေနေတဲ့ အဆောင်မှာနေချင်လည်းရတယ်...ဦးရဲ့အိမ်မှာ လိုက်နေချင်လည်းရတယ်....ဖြူလုံးအဆင်ပြေသလိုပေါ့...ဘယ်လိုလဲ...."

"သမီးလိုက်ခဲ့မယ်..."

ဖြူလုံးလည်း တုံ့ဆိုင်းမနေတော့ပဲ ချက်ချင်းပြန်ဖြေလိုက်သည်။ဒီနည်းလမ်းကသာ အကောင်းဆုံးပါပဲ။

ကားလေးဟာဘုန်းကြီးကျောင်းကြီးနဲ့ ဝေးကွာသွားသလို သုန္နကမြို့လည်ခေါင်မှ အချက်ညီညီမြည်ဟီးတတ်သော နာရီစင်ကြီးနဲ့လည်း ဝေးကွာခဲ့ပါပြီ။စာသင်ကျောင်းကြီးရဲ့ သစ်ပင်အရိပ်မှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ စကားပြောခဲ့၊ပျော်ပါးခဲ့ကြတဲ့ အတိတ်ရဲ့ အရိပ်ကလေးတွေကတော့ ပိုလို့ဝေးခဲ့ပြီပေါ့။ဆရာ၀န်မကြီး ဖြစ်ရမယ်လို့ တွေးထားခဲ့တဲ့အတွေးအိပ်မက်တွေ၊ သူငယ်ချင်းတွေနဲ့ ပေးထားခဲ့တဲ့ ဂတိစကားတွေ တစ်နှစ်တာလုံး ကြိုးစားခဲ့ရတဲ့ ခွန်အားတွေ....အားလုံးကို စွန့်ပစ်ခဲ့လိုက်ပါပြီ။

အခုအချိန်မှာ ဖြူလုံးဟာ နေရာအသစ်မှာ စိတ်သစ်၊လူသစ်နဲ့ ပြန်ရှင်သန်ဖို့ကိုပဲတွေးရတော့မယ်။ဖြူလုံးရဲ့ ဘ၀ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ ကံကြမ္မာဇာတ်ဆရာရဲ့ အလိုကျပေါ့လေ။ဘယ်လောက်ပဲ ကြိုးစားထားခဲ့ပါစေ ဖြစ်ချိန်တန်တော့လဲ အရာအားလုံး သဲထဲရေသွန်လိုက်ရသလိုပါပဲ။

"သုန္နကမြို့မှကြိုဆိုပါ၏"ဆိုတဲ့ ဆိုင်းဘုတ်နေရာမှာ ကားလေးဖြတ်မောင်းသွားစဉ် မြို့ထဲသို့ပြန်၀င်လာသည့် အနက်ရောင်ကားတစ်စီးကို တွေ့ဖြစ်အောင်တွေ့လိုက်ပါသည်။ထိုကားပေါ်မှာ ‌အနောက်တိုင်းဆန်တဲ့မျက်နှာပေါက်နဲ့ ခရမ်းရောင်မျက်၀န်းတွေကို ပိုင်ဆိုင်ထားတဲ လူအား‌တွေ့လိုက်ပေမဲ့ မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်မိသည်။

မျက်၀န်းမှမျက်ရည်တွေ ကျလာပေမဲ့ ဖြူလုံးမသုတ်ဘူး။ကျစမ်းပါစေ။ဒီမျက်ရည်တွေဟာ ရက်စက်လွန်းတဲ့ အချစ်ဦးအတွက် နောက်ဆုံးပါပဲလို့ ရင်ထဲမှာတိုင်တည်လိုက်သည်။
နောက်နောင် လမ်းမှာတွေ့ရင်တောင် ကျွန်မတို့ကသူစိမ်းတွေပဲ ဦးဒေ၀။

အခန်း၅၆....ဆက်ရန်.....

..........

ဇာတ်သိမ်းဖို့ သိပ်မလိုတော့ဘူးနော်

=========================================================================

အခန်း၅၆
                    ဘီလူးနမ်းသော အရိုင်းပန်း

အဂ္ဂမဟာ စံအိမ်ကြီးဟာ အသက်မဲ့နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။ ခြံကြီးတစ်ခုလုံးဟာ ကျေးငှက်တို့ရဲ့အသံများသာ ကြားနိုင်လောက်အောင် တိတ်ဆိတ်လွန်းလှသည်။ယခင်က အလုပ်သမားများ၏ ဂရုစိုက်မှုကို ခံခဲ့ရသော ပန်းပင်များသည် ယခုတော့ နွမ်း‌ခြောက်၍ညှိုးလျှော်ခြင်းအတိဖြစ်နေ‌လေပြီ။ယခင်က ပြောင်လက်နေအောင် ကြွေပြားခင်ထားသည့် နေရာတိုင်းဟာလည်း ဖုန်အလိမ်းလိမ်းဖြစ်နေ
လေသည်။စင်စစ်ပင် ဤစံအိမ်ကြီးသည် ကြီးမားသော်ငြှားလည်း မင်္ဂလာတရားကင်းမဲ့၍ အသက်မဲ့နေသည်မှာ မလွဲပေ။

"အစ်မ...နင်အဲ့ဒီ့မှာ ဘာထိုင်လုပ်နေတာလဲ...."

ပြူတင်းပေါက်အနားမှာ ထိုင်ရင်းနဲ့ ခြံထဲသို့ငေးကြည့်နေမိရာမှ ငွေပန်းချီဟာ ညီမဖြစ်သူရွှေ့ထံသို့ ပြန်လှည့်ကြည့်လိုက်မိလေသည်။အဖေတစ်ယောက်လုံး အကျဉ်းကျနေပြီး လူသ တ်မှုနဲ့ရော တရားမ၀င်သစ်ခိုးမှုနဲ့ပါ တရားရင်ဆိုင်နေရတာကို သိလျှက်နဲ့ အရောင်ပြိုးပြိုးပြက်ပြက်နဲ့ အလှတွေပြင်ထားသည့် ညီမဖြစ်သူကို အင်မတန် စိတ်တိုမိသည်။

"ရွှေ...ဒါကဘယ်သွားမလို့လဲ...နင့်ပုံစံကိုလည်း ပြန်ကြည့်လိုက်ပါအုံးဟယ် ငါတကယ်စိတ်ပျက်တယ်..."

"ဟဲ့....ငါ့ပုံစံကဘာဖြစ်နေလို့လဲ...ကလပ်ကိုခဏသွားမလို့ဥစ္စာ..."

"ရွှေရယ်...ဒီအချိန်က ကလပ်ကိုသွားသင့်တဲ့အချိန်လားဟာ..အဖေတစ်ယောက်လုံး ဒုက္ခရောက်နေတာကို နင်ကပျော်ပါးနေတယ်ဆိုတော့ ပတ်၀န်းကျင်က ဘယ်လိုမြင်ကြမလဲ....."

"အစ်မရယ်....ကြံဖန်တွေးပူနေပြန်ပါပြီ....ပတ်၀န်းကျင်က ငါတို့ကိုဘယ်တုန်းက အကောင်းမြင်ဖူးလို့လဲ...အခုကိစ္စကလည်း အဖေက...သူလုပ်ခဲ့လို့ သူပြန်ခံရတာပဲ မဟုတ်ဘူးလား....နင်လည်း ဟန်ဆောင်မနေနဲ့တော့ ပင်ပန်းတယ်.....ဒါနဲ့နင်ရော ဆေးရုံမသွားဘူးလား...."

"ဘယ်လိုမျက်နှာမျိုးနဲ့ ငါကဆေးရုံကိုသွားရမှာလဲဟယ်...အဖေ့ကိစ္စက ဒီလောက်ရပ်ကျော် ရွာကျော်ဖြစ်သွားတဲ့ဥစ္စာ ဆေးရုံကို ရောက်တာနဲ့ အကုန်လုံးက အထင်သေးတဲ့အကြည့်တွေနဲ့ ဝိုင်းကြည့်ကြတာ ငါမခံနိုင်ဘူး....ဘယ်လိုမျက်နှာမျိုးနဲ့ လူလုပ်ရတော့မလဲ မသိတော့ဘူး....ကျောင်းထိုင်ဆရာတော်တောင်....သူ့သားရဲ့သတင်းကိုကြားတော့  မူးလဲလို့ ဟိုတစ်နေ့ကပဲ....ငါသွားကြည့်ပေးရသေးတယ်
.....အခြေအနေကတော့ တော်တောစိုးရိမ်ရတယ်..."

ငွေပန်းချီကသာ တညီးထဲညီးနေပေမဲ့ ရွှေပန်းချီကတော့ ပိုက်ဆံအိတ်ထဲက နှုတ်ခမ်းနီတောင့်ကို ထုတ်လိုက်ပြီး ပေါင်ဒါဘူးမှ မှန်လေးကို ကြည့်ကာနှုတ်ခမ်း‌နီဆိုးလိုက်သေးသည်။

"ဒါနဲ့အကိုကြီးရော...သူ့ကိုအခုတစ်လောမတွေ့မိပါလား....

"ဘယ်တွေ့မိမလဲ....အမြဲအိမ်မှာမှမရှိတာ....အိမ်မှာ တစ်ဦးတည်းသော ယောက်ျားသားမို့ အားကိုးရမယ်မှတ်ပါတယ်...အဖေ့အတွက် ရုံးချိန်းလေးကိုတောင် မသွားပေးဘူး.....အမျိုးတွေကလည်း
သာတုန်းကသာနားကြတာ....အထိနာတဲ့အချိန်ကြ‌ေတာ့ ဘယ်သူမှအနားမကပ်ကြတော့ဘူး...ဒီအတိုင်းဆိုရင် အဖေ့အမှုက နှစ်တွေချီပြီး ထောင်ကျကိန်းဖြစ်နိုင်တယ်..."

"တော်ပြီဟယ်....ငါ့ကိုစိတ်ညစ်အောင်လာမပြောစမ်းနဲ့.....ကလပ်မှာချိန်းထားတဲ့ ကောင်လေးရှိလို့
ဒိုးပြီဟေ့....."

စကားကို လက်လွှတ်စပယ်ပြောသွားသော ညီမဖြစ်သူကို ကြည့်ရင်းနဲ့ စိတ်ထဲမှာ ဒေါသမီးတွေက ထိန်းမရအောင်ဖြစ်လာသည်။
ဖေ့ဖေ့ရဲ့ ရုံးချိန်းတွေကို ရှေ့နေကောင်းလေးငှားပြီး သွားချင်ပေမဲ့ ကိုယ်ကဆရာ၀န်ကြီးဖြစ်တဲ့အပြင် မိန်းကလေးလည်းဖြစ်တော့ တရားရုံးကို သွားရမှာ တွန့်ဆုတ်နေမိသည်။

အခုဆို အဖေရဲ့ပြင်ပလုပ်ငန်းတွေကလည်း ရှယ်ယာဈေးတွေ ထိုးကျပြီး လျော်ရတာတွေများလာလွန်းလို့ စည်းစိမ်တွေလည်း သုံးပုံ ပုံရင် တစ်ပုံလောက်သာ ကျန်တော့သည်။အိမ်က အလုပ်သမား
တွေကိုတောင် နှစ်ယောက်လောက်ပဲထားပြီး အကုန်ဖြုတ်ပစ်ခဲ့ရတာ အခုဆို စံအိမ်ကြီးက မပြုပြင်နိုင်လို့ အသုဘအိမ်ကြီးလိုတောင် ဖြစ်နေလေပြီ။
ကံကြမ္မာရယ် ဆိုးပြန်တော့လည်းဆက်တိုက်ပါပဲလား။

🍁🍁🍁🍁🍁🍁🍁🍁

အမြဲတမ်း ဝိုင်ကိုသာ သောက်လေ့ရှိတဲ့လူဟာ အခုတော့ ပြင်းတဲ့ အရက်ကိုရွေးသောက်မိနေလေပြီ။
အရက်မူးရင် ခံစားချက်တွေကို ခဏလောက်ဖျောက်နိုင်မှာပဲလို့ တွေးနေမိပေမဲ့ ဖျောက်လို့မရပါဘူး။အာရုံထဲမှာ သူမကသာစိုးမိုးနေခဲ့တယ်။
လသာဆောင်ကနေ ကြိုးတန်းသွယ်ပြီး ထွက်ပြေးသွားရလောက်အောင်အထိ ကိုယ်နဲ့မနေချင်တာလား လုံးလုံးရယ်။ကိုယ့်မှာ အရာအားလုံးဆုံးရှုံးထားခဲ့ရတာပါကွာ။ လုံးလုံးကိုတော့ ဘ၀ထဲမှာ အပိုင်သိမ်းထားလိုက်နိုင်ပြီလို့ ထင်ခဲ့မိတာ။
လုံး၀ကို လွဲချော်သွားခဲ့တာပါပဲ။

"ကိုယ်ဘယ်နေရာမှာ လိုက်ရှာရမလဲကွာ....မင်းသိပ်ကို အပုန်းတော်တယ်....."

ရေခဲတောင်မထည့်ထားသည့် အရက်ခွက်ကို သူမော့သောက်လိုက်မိပြန်ပါပြီ။ခံစားချက်ဆိုတာ အရက်နဲ့ဆေးချတိုင်း မပျောက်နိုင်ပေမဲ့ သိသိရက်နဲ့ သောက်နေမိတုန်းပါပဲ။
နောက်ထပ် အရက်ခွက်ကို မော့ချလိုက်တဲ့အချိန်မှာတော့ သူ့လက်ကို တစ်ယောက်ယောက်က လှမ်းတားလိုက်လေသည်။

"ဟာ....ဦးလူထိန်....ကျုပ်လက်ကိုဘာလို့ ဆွဲထားတာလဲ...."

"ဆရာ....အရက်သောက်တာတော်သင့်ပြီလို့ ထင်ပါတယ်...တစ်ပတ်ရှိနေပြီ....‌ဆရာဘယ်အထိ ကိုယ့်ကိုကိုယ်ညှင်းပန်းနေအုံးမှာလဲ...."

ဒေ၀တစ်ချက်မဲ့လိုက်မိလေသည်။အရက်ခွက်ကို ကြည့်နေရင်းမှ မျက်ရည်တွေ ဝဲတက်လာ‌သည်။ယောက်ျားတစ်ယောက်က သာမန်ခံစားရတဲ့ဝေဒနာလောက်နဲ့ မျက်ရည်မကျတတ်ဘူး။အခုသူ မျက်ရည်ဝဲရခြင်းကတော့ ရင်ဘတ်ထဲက ဝေဒနာဟာ နက်လွန်းလို့ပါ။ သေ လောက်အောင်ကို နာကျင်နေမိပြီ။

"အခုအချိန်မှာ ဖြူလုံးဘယ်ကိုရောက်နေမလဲ မသိဘူးဗျာ....ကလေးပဲရှိသေးတာဗျ....ကလေးအတွေးနဲ့ တွေးပြီး လျှောက်လုပ်နေတာ..မကောင်းတဲ့လူတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ.....အခုနေ ဘယ်နေရာမှာများရောက်နေမလဲ....ဒုက္ခတွေ့နေပြီလား....
ထမင်းများဆာနေမလား....ကျုပ်ရင်ထဲမှာ ပူလိုက်တာဗျာ....."

"ဆရာရယ်....ကိုယ့်နဲ့အတူ မနေချင်လို့ ထွက်ပြေးသွားတာပဲ ဥစ္စာ လွမ်းမနေစမ်းပါနဲ့...."

"ဒုန်း!!!!!"

အရက်ခွက်ကို ခုံပေါ်သို့အသံမြည်အောင်ပစ်ချလိုက်ပြီးနောက် ဦးလူထိန်ဘက်သို့ မျက်ထောက်နီကြီးနဲ့ ကြည့်ပစ်လိုက်သည်။

"ဒီမှာ....ကျုပ်တို့နှစ်ယောက်ကြားက သံယောဇဉ်အတိမ်အနက်ကို သေချာမသိပဲ ခင်ဗျားဒီလိုမပြောနဲ့....ကျုပ်ဒီအိမ်ကို အဖေနဲ့စရောက်လာတုန်းကဆိုရင် လူတိုင်းကကျုပ်ကိုမတူသလို၊မတန်သလိုဆက်ဆံကြတာ....ဖြူလုံးတစ်ယောက်ထဲကသာ ကျုပ်အပေါ်ကို ကောင်းပေးခဲ့တာဗျ....ကျုပ်ကို ဘယ်သူမှန်းမသိပဲနဲ့...မရင်းနှီးပဲ....ကျုပ်စားဖို့
မုန့်လေး‌တွေ ခိုးခိုးပေးခဲ့ဖူးသေးတာ....ကျုပ်အထီးကျန်တဲ့အချိန်တွေမှာ အဖော်လာပြုပေးခဲ့တယ်....ကျုပ်စိတ်‌ တွေညစ်နေရင်တောင် ကလေးမလေးရဲ့ ချစ်စရာမျက်နှာလေးကို ကြည့်လိုက်တာနဲ့ ပျော်ရွှင်သွားရော....သူမကကျုပ်အသက်...ကျုပ်ဘ၀ဗျ...."

"အဲ့ဒါဆိုရင်....ဆရာဘာလို့....သူ့ရဲ့အဖေကို မောင်းထုတ်ခဲ့ရတာလည်း....ကျွန်တော်အစတည်းက
ဆရာ့ကိုသတိမပေးခဲ့ဘူးလား...ကိုယ့်မိဘကို ထိရင် ဘယ်သူကမှသည်းခံပေးကြမှာ မဟုတ်ဘူးဆရာ...အစတည်းက ကလေးမကို သက်ဆုံးတိုင်လက်တွဲဖို့ ရည်ရွယ်ထားခဲ့တာဆိုရင် သူ့အဖေနဲ့
သေချာငြှိုနှိုင်းခဲ့သင့်တယ်....အခုတော့ မနစ်နာသင့်တာတွေနစ်နာကုန်ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်တာပေါ့...."

ဦးလူထိန်ရဲ့ စကားကြောင့် အရက်ခွက်ကို ဆိုက်ကြည့်နေလိုက်မိသည်။ တကယ်ပဲ ဆုံးဖြတ်ချက်မှားခဲ့တာလား။သူမရဲ့ အဖေကိုသာ မောင်းမထုတ်ခဲ့ရင် ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာပါ့မလား။
ဖြူလုံးရယ် ကိုကြီးဆီကို ပြန်လာခဲ့ပါလားကွာ။

တစ်မြို့လုံးလည်း ရှာနေတာ နှံ့နေပြီ။သတင်းစာတွေ၊တီဗွီသတင်းတွေနဲ့ မီဒီယာပေါ်မှာပါ လူပျောက်ကြေငြာခိုင်းထားတာတွေကလည်း ဘာသတင်းမှ
မထူးဘူး။ သူမကသာ ရည်ရွယ်ချက်ရှိရှိ ပုန်းနေခဲ့တာဆိုရင်တော့ ဘယ်လိုပြန်ရှာတွေ့နိုင်ပါတော့
မလဲ။

အရက်ခွက်ကိုကြည့်နေရင်းနှင့် အမြင်အာရုံတွေ
ဝေဝါးလာတာကြောင့် အာရုံကြောတွေဟာ ဘယ်လိုမှအလုပ်မလုပ်တော့ပဲ နောက်ဆုံးမှာတော့ မျက်လုံးကိုမှိတ်ချလိုက်ပြီး စားပွဲပေါ်သို့ ခေါင်းမှောက်ချလိုက်မိတော့သည်။သူ့အိပ်မက်ထဲမှာလည်း ထွက်ပြေးသွားတဲ့ အဖြူရောင်ကောင်မလေးကို ဖမ်းလို့မမိခဲ့ပါဘူး။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

"ဖြူလုံး!!!!!!"

"မင်းနိုးလာပြီလား!!!!!"

မွေ့ယာပေါ်မှ ထထိုင်ပြီး ဘေးကိုကြည့်လိုက်တော့ ငရဲက ခုံတစ်ခုမှာ ခြေချိတ်ထိုင်နေရင်းနှင့်သူ့ကို ကြည့်နေလေသည်။ဒီကောင့်မျက်လုံးထဲမှာ ဘာတွေအလိုမကျနေသလဲ မသိပေမဲ့ အိပ်မက်ဆိုးမက်ထားတာရော အရက်အရှိန်ကြာင့်ပါ ခေါင်းတွေထိုးလာတာမို့ ကုတင်အောက်ကို ခြေထောက်ချထိုင်လိုက်ပြီး နားထင်ကြောကို လက်နဲ့အသာဖိထားလိုက်မိသည်။

"ဒေ၀....မင်းကိုယ်မင်းပြန်ကြည့်လိုက်စမ်း....
ဘယ်လိုပုံဖြစ်နေပြီလဲ...မကြာခင်မှာ
မင်းအသက်၂၉နှစ်ပြည့်တော့မှာနော်....ဘာလဲ...မင်းအရွယ်ကအသဲကွဲရမယ့်အရွယ်လား....မင်းလောက်အသန့်အပြန့်ကြိုက်တဲ့ကောင်က အချိန်တိုင်းအရက်အိုးထဲမှာ လူးနေတယ်....မင်းဘ၀ကို ဒီလိုပဲနေသွားတော့မလို့လား....."

"ငါ....ခေါင်းကိုက်နေတယ်....စကားတွေအများကြီးလာမပြောစမ်းနဲ့ကွာ....."

"ပြောရမှာပဲ...."

ငရဲ၏ အော်လိုက်သည့်အသံကြောင့် ‌ဒေ၀ရဲ့အရက်ခိုးဝေ၍ မှိန်ဖျဖျဖြစ်နေသော ခရမ်းရောင်မျက်၀န်းတွေဟာ ပြန်တောက်ပလာပြီး စူးနင့်နေအောင် ပြန်ကြည့်လိုက်လေသည်။

"မင်းက နိုင်ငံခြားမှာပါ ကျော်ကြားနေတဲ့ စီးပွားရေးသမားတစ်ယောက်....မင်းရဲ့အနောက်မှာ မှီခိုနေတဲ့ အလုပ်သမားတွေကို မင်းငဲ့ကြည့်သင့်တယ်...အဓိကနဲ့သာမညကို ခွဲစမ်းပါကွာ...မင်းလိုလူတစ်ယောက်က....ခံစားချက်ကို ရှေ့တန်းတင်မနေသင့်ဘူး....ကိုယ့်အသိစိတ်နဲ့ကိုယ်ထိန်းစမ်းပါကွာ....

ငရဲ၏စကားက ‌ဒေ၀အားငြိမ်ကျသွားစေလေသည်။ခေါင်းကို ငိုက်စိုက်ချထားရင်းနှင့် မျက်နှာကိုလက်နဲ့အုပ်ထားလိုက်မိသည်။

"ငါသူ့ကို ဘယ်လောက်အထိချစ်လဲ မင်းမသိပါဘူးကွာ...ငါဘယ်လောက်ခံစားနေရသလဲမင်းမသိဘူး
...ကိုယ့်အတွက် အသက်လောက်အရေးပါတဲ့လူတစ်ယောက် အနားမှမရှိတော့တဲ့ ခံစားချက်...
တန်ဖိုးထားတဲ့အရာတစ်ခု ဆုံးရှုံးလိုက်ရတဲ့ခံစားချက်...နောင်တတရားတွေကို မင်းနားမလည်ပါဘူး ...မင်းမှဒီလိုနောင်တမရဖူးတာပဲ...."

"ငါနောင်တရဖူးတာပေါ့ကွာ....အခုထိလည်း ငါနောင်တရနေစဲပဲ...ငါမတော်တဆ သ တ်လိုက်မိတဲ့လူက ငါသူငယ်ချင်းရဲ့ အဖေဖြစ်နေတာကြောင့် ငါပိုပြီးရင်နာရတယ်....အဲ့ဒီ့အတွက်လည်း ငါဘယ်သောအခါမှ စိတ်မလုံခဲ့ဘူး....."

ဒေ၀နဲ့ ငရဲ အကြည့်ချင်းဆုံသွားခိုက်မှာ ငရဲ၏မျက်၀န်းထဲတွင် အားနာမှု၊နာကျင်၀မ်းနည်းမှုတွေ ပြည့်နှက်နေခဲ့ပြီး ဒေ၀၏မျက်၀န်းထဲတွင်တော့ နားမလည်နိုင်သော အရိပ်အယောင်တွေကြီးစိုးနေလေသည်။
ရုတ်တရက် ငရဲဟာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်သောကြောင့် ဒေ၀လည်း လန့်ပြီး မတ်တပ်
ထရပ်လိုက်မိလေသည်။

"ငရဲ....မင်းဒါဘာလုပ်တာလဲ....."

"ဒေ၀.....မင်းရဲ့အဖေကို သတ်ခဲ့တာငါပဲ...မင်းငါ့ကို ကြိုက်တဲ့အပစ်ပေးပါကွာ....ငါလက်ခံပါ့မယ်...
ငါ့ကိုအပြစ်ပေးပါကွာ...."

"ငရဲမင်းဘာတွေလာပြောနေတာလဲ....ငါအဖေကို
သ တ်ခဲ့တာ မင်း.....လုံး၀မဖြစ်နိုင်ဘူး...."

ဒေ၀ကတော့ ဆောက်တည်ရာမရ ဒေါသအဟုန်ပြင်းထန်နေတဲ့အချိန်မှာ ငရဲကတော့ အံကိုကြိတ်၍ ခေါင်းကိုသာတွင်တွင်ငုံ့ထားမိလေသည်။
တိတ်ဆိတ်ခြင်းဟာ ၀န်ခံခြင်းဆိုတာ ဒေ၀နားလည်လိုက်တာမို့ စိတ်ကဘယ်လိုမှထိန်းမရတော့ပေ။

"ဟေ့ကောင်....မင်းထစမ်း!!!!!"

ဒေ၀ဟာ ဒူးထောက်နေသောငရဲ၏ အိင်္ကျီလည်စကို ဆုပ်ကိုင်ပြီး ဆွဲပစ်လိုက်ရာ ငရဲလည်းအလိုလို မတ်ရပ်လျှက်သားဖြစ်သွားလေသည်။

"ပြောစမ်း....ငါ့အဖေနဲ့ ပတ်သတ်တဲ့အမှန်တရားတွေကို အကုန်လုံးငါသိချင်တယ်....လိမ်လည်တဲ့စကားပါလာခဲ့ရင် မင်းမျက်နှာကို စုတ်ပြတ်သ တ်သွားအောင် ထိုးပစ်မယ်....ပြော!!!!!"

"တကယ်တော့....မြို့တော်၀န်ဆီမှာနွားသ တ်မှုနဲ့ပတ်သတ်ပြီး တိုင်လိုက်လို့ ထက်အာကာက သူ့အဖိုးရိုက်တာကို မကျေနပ်ဖြစ်ပြီး...ငါတို့အိမ်ကို လူတွေငှားပြီး လာဖြိုခဲ့တယ်....ငါလည်း ဦးအဂ္ဂရဲ့အိမ်ကို ချက်ချင်းပြေးပြီး....ဦးအဂ္ဂဆီမှာသူ့သားကို တားပေးဖို့ သွားတောင်းပန်ခဲ့မိတယ်..အဲ့ဒီ့လူကြီးက သူ့အတွက်အလုပ်လုပ်ပေးရင် လိုက်လျောပေးမယ်လို့ ပြောတော့ ငါလည်း ခေါင်းငြိမ့်လိုက်မိတယ်...အဲ့ဒီ့ညက သစ်မှောင်ခိုကားတွေကို တောင်ခြေမှာစုပြီး....ကုန်းလမ်းကနေသွားဖို့ ကြံစည်ခဲ့ကြတယ်...
ဦးဂန္တ၀င်က မင်းရဲ့အဖေကို သစ်မှောင်ခိုတဲ့ကိစ္စတွေ.....စောင့်ကြည့်ခိုင်းထားခဲ့တာမှာ ဦးအဂ္ဂရဲ့လူတွေက မိသွားခဲ့ပြီး....."

ငရဲလည်း စိတ်ကိုတင်းပြီး ဦးမောင်ကြီးကို သ တ်ခဲ့မိသောအကြောင်းအရာတွေကို မခြွင်းမချန်ပြောပြလိုက်မိလေသည်။ဒေ၀ကတော့လက်တွေ
တဆက်ဆက်တုန်တက်လာပြီး အသက်ရှူနှုန်းတွေပါမြန်လာလေသည်။ဒေါသထွက်လွန်းလို့ နားထင်ကြောတွေပါ ထောင်တက်လာသည်။

"ဒေ၀......မင်းငါ့ကိုကြိုက်သလို ထိုးကွာ....သ တ်ချင် သ တ်ပစ်လိုက်...မင်းကျေနပ်သလိုသာ လုပ်ကွာ.....မင်းအဖေကို......."

"မင်းပါးစပ်ကိုပိတ်ထား!!!!!!!"

ငရဲ၏ အိင်္ကျီလည်စကို ဆောင့်ဆွဲပြီး လက်သီးနဲ့ ထိုးဖို့ဟန်ပြင်လိုက်တော့ ငရဲကလည်း မျက်လုံးကိုမှိတ်ပေးထားလိုက်လေသည်။ဆယ့်နှနှစ်တာလုံး ‌ပုန်းရှောင်နေမိခဲ့တဲ့ အပြစ်ဒဏ်တွေကို ဒီတစ်ခါတော့ ပြန်ပေးဆပ်ချင်ပါတယ်။

"ဟာ!!!!!!!!ဒုန်း!!!!!ဒုန်း!!!!!!!"

"ဒေ၀....မင်းကိုယ့်ကိုကိုယ်မလုပ်ပါနဲ့ကွာ....."

"မင်းငါ့ကိုလာမထိနဲ့....."

ငရဲကို အနောက်သို့ ဆောင့်တွန်းလွှတ်လိုက်ပြီး ဘေးနားက မီးအိမ်ကိုသာ လက်သီးနဲ့ အားကုန်ထိုးလိုက်တာကြောင့် ကွဲသွားတဲ့ လက်ဆစ်နေရာမှ
သွေး စတို့ဟာ ကြမ်းပြင်ပေါ်သို့ တစ်စက်စက်ကျဆင်းလာလေသည်။
မျက်ရည်မကျအောင် အံကိုဖိကြိတ်ထားမိပေမဲ့ မျက်ရည်ကကျလာပြန်ပါသည်။

"မင်းသွားတော့....မင်းရဲ့မိသားစုဆီကို မင်းပြန်တော့ ငါ့အရှေ့မှာနောက်တစ်ခါထပ်ပေါ်မလာပါတော့နဲ့....နောက်တစ်ခါမင်းကိုပြန်တွေ့ရင် ဒီလိုထပ်ပြီး ခွင့်လွှတ်ပေးမှာမဟုတ်တော့ဘူး...."

"ဒေ၀...ငါ....."

"မင်းသွားပါတော့ကွာ...."

သူ့မျက်နှာကိုမကြည့်ပဲ ထွက်သွားဖို့ကိုသာ အကြိမ်ကြိမ်တောင်းဆိုနေသော ဒေ၀အားသူအရမ်းသနားမိသည်။

"ဒေ၀....မင်းအရက်တွေထပ်မသောက်ပါနဲ့တော့ကွာနော်...."

"ဒီကိစ္စက မင်းစိုးရိမ်စရာမလိုဘူး..ငါအဲ့လောက်မိုက်တဲ့ကောင်မဟုတ်ဘူး....မင်းသွားလိုက်တော့!!!!"

အခန်းတံခါးဖွင့်ပြီး ငရဲထွက်သွားချိန်မှာတော့ မွေ့ယာပေါ်ထိုင်ချပစ်လိုက်ပြီး သွေး တွေရဲရဲနီနေသောလက်နှင့် မျက်နှာကိုအုပ်ကာ တင်းထားသမျှစိတ်အစဉ်ကို မျက်ရည်နဲ့ဖြေလျော့ချလိုက်မိသည်။
သူ့ရဲ့ နှုတ်ခမ်းမှလည်း မဲ့ပြုံးတစ်ခုကချက်ချင်း၀င်ရောက်လာလေတော့သည်။

"သွားကြတော့...မင်းတို့အားလုံးငါ့ဘေးနားကနေ ထွက်သွားကြတော့....."

အခန်း၅၇....ဆက်ရန်....

🍁🍁🍁🍁🍁🍁🍁🍁

No comments:

🌿အခန်း ၁ မှ အခန်း ၄ 🌿

    🌿အခန်း ၁ မှ အခန်း ၄ 🌿 #ဘီလူးနမ်းသောအရိုင်းပန်း                                  အခန်း၁ "ဒေါင်!...ဒေါင်!‌..ဒေါင်!..ဒေါင်!.." ...